တပ်မတော်ထိုးစစ်ကြောင့် ရိုဟင်ဂျာများနည်းတူ ကချင်ပြည်သူများလည်း ခံစားနေရကြောင်း ကချင်လူငယ်အဖွဲ့ထုတ်ပြန်

တပ်မတော်ထိုးစစ်ကြောင့် ရိုဟင်ဂျာများနည်းတူ ကချင်ပြည်သူများလည်း ခံစားနေရကြောင်း ကချင်လူငယ်အဖွဲ့ထုတ်ပြန်
ICJ တရားရုံး The Hague, နယ်သာလန်နိုင်ငံ
ICJ တရားရုံး The Hague, နယ်သာလန်နိုင်ငံ

တပ်မတော်ထိုးစစ်ကြောင့် ရိုဟင်ဂျာလူမျိုးများခံစားနေရသည့်နည်းတူ ကချင်ပြည်သူများသည်လည်း စစ်ရှောင်အဖြစ် လူဦးရေ ၁ သိန်းကျော်နေရပ်စွန့်ခွာနေရကြောင်း ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂအဖွဲ့ ထုတ်ပြန်လိုက်ပါသည်။

ရိုဟင်ဂျာလူမျိုးများကို လူမျိုးသုန်းသတ်ဖြတ်ကြောင်း မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားသည့်အမှု မြန်မာဘက်မှ ပြန်လည်ချေပသည့် နေ့တွင် ကချင်လူငယ်အဖွဲ့ AKYU မှ ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။

‘‘ရိုဟင်တွေသာမက တခြားတိုင်းရင်းသားတွေလည်း ခံစားနေရတာရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ တရားမျှတအောင် အလုပ်နိုင်ဘူးဖြစ်နေတယ်။ ဒီနေ့နိုင်ငံတကာ အရေးယူမှုတွေ လုပ်နေတယ်။ ဒါကြောင့် ကျနေ်ာတို့က အမှန်တရားပေါ် ရပ်တည်ရမယ်။ ရာဇဝတ်မှုကျူးလွန်တဲ့ဘယ်သူကိုမဆို လူမျိုးသုန်းရှင်းလင်းရေးလုပ်တဲ့သူတွေကို အရေးယူမှု အားပေးကြောင့် ကျနော်တို့ ထောက်ခံတာဖြစ်တယ်။’’ ဟု AKYU ဥက္ကဌ ဦးလွမ်းဇောင်း ပြောပါသည်။

နှစ်ပေါင်းများစွာ တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်နေမှုကို ပြည်တွင်းတရားရုံးက မျှတအောင် မလုပ်နိုင်သဖြင့် နိုင်ငံတကာ တရားရုံးမှ ယခုလိုစစ်ဆေးအရေးယူလာခြင်းကို ထောက်ခံကြောင်းနှင့် လိုအပ်ပါက တရားမျှတမှုပေါ်ပေါက်အောင် ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း ပြောဆိုထားခြင်း ဖြစ်ပါသည်။

နယ်သာလန်နိုင်ငံThe Hague မြို့ရှိ ICJ တရားရုံးတွင် ဂမ်ဘီယာ၏ စွပ်စွဲချက်များကို မြန်မာအစိုးရဌားရမ်းထားသည့် ရှေ့နေများမှ ပြန်လည်ချေပနေပါသည်။ ဂမ်ဘီယာက စွပ်စွဲသလို လူမျိုးသုန်းသတ်ဖြတ်မှုမရှိကြောင်း အစီစဉ်အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားပါသည်။

ယမန်နေ့ ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲချက်တွင် မြန်မာတပ်မတော်က စစ်ဆင်ရေးပြုလုပ်နေချိန် အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု နှင့် လူအများအပြားကို နေရပ်စွန့်ခွာစေမှု အကြောင်းတွေကို ပြောဆိုသွားခဲ့ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...