မင်းတပ်မြို့တွင် ကုမ္ပဏီတစ်ခုမှ အလုပ်သမား ၂၄ ဦးအတွက် လုပ်အားခမရှင်း

မင်းတပ်မြို့တွင် ကုမ္ပဏီတစ်ခုမှ အလုပ်သမား ၂၄ ဦးအတွက် လုပ်အားခမရှင်း
photo credit; intercontenentalcry.org
photo credit; intercontenentalcry.org

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အတွင်းရှိ ကုမ္ပဏီတစ်ခုမှ လုပ်အားခ သိန်း 30 ကျော် မရှင်းပေးသည့် အလုပ်သမားများရှိနေသည့်အပေါ် မင်တပ်အရပ်ဖက်အဖွဲ့အစည်း အချို့မှ လုပ်အားခရနိုင်ရန် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုမှ Salai Mang Om က “လုပ်အားခမရတဲ့ အလုပ်သမား ၂၄ ဦးတို့အတွက် ကျွန်တော်တို့တတ်နိူင်သလောက် ကူညီတယ်၊ သူတို့လုပ်အားခ ရရှိနိူင်ဖို့အတွက် လွှတ်တော်အမတ် နှစ် ဦးကို အကူအညီတောင်းထားတယ်။ ဘယ်လိုကူညီမလဲမသိသေးဘူး၊ ကုမ္ပဏီနာမည်တော့ မပြောချင်သေးဘူး။ အငြင်းမပွားရ ပြဿနာမဖြစ်ရဘဲ ပြေပြေလည်လည်ဖြေရှင်းစေချင်တယ် ၊ သူတို့လုပ်အားခတွေ ပေးစေချင်တယ်” ဟု ပြောသည်။

အဆိုပါဖြစ်ရပ်ကဲ့သို့ စစ်ကိုင်းတိုင်းကလေးမြို့မှ မင်းတပ် – မတူပီ ကားလမ်းပြုပြင်ဆောင်ရွက်မှုအတွက် တင်ဒါရသည့် ကုမ္ပဏီထံ အလုပ်သွားလုပ်သော်လည်း ယနေ့အထိ လုပ်အားခမရသေးသည့် ပြသနာလည်း ကြုံတွေ့ရကြောင်း အလုပ်သမားများထံမှသိရသည်။

အလုပ်သမားတစ်ဦးက “ကျွန်တော်တို့ ရွာကနေ မင်းတပ်-မတူပီ လမ်းခင်းတဲ့နေရာမှာ အလုပ်လုပ်ကြတယ်၊ လုပ်အားခအခုထိမရသေးဘူး၊ ကျွန်တော်တို့ကလည်း မင်းတပ်ထိတက်ပြီး ဘယ်လိုသွားတောင်းမလဲ မသိဘူး၊ သွားလာရေးအတွက် စရိတ်ကလည်း တော်တော်ကုန်တယ်” ဟု ပြောသည်။

ဟားခါးအခြေစိုက်ကုမ္ပဏီတစ်ခုပိုင်ရှင်ဖြစ်သူ တစ်ဦးက ကုမ္ပဏီအချို့အနေဖြင့် လုပ်ငန်းများကို အကြွေးဖြင့် ဆောင်ရွက်ပြီးစီးမှုများရှိသော်လည်း အစိုးရဖက်မှ ငွေကြေးအချိန်မီ မထုတ်ပေးသည့်ပြသနာများလည်း ကြုံတွေ့ရသည့် အခက်အခဲများလည်း ရှိနေသည် ဟု ပြောသည်။

ချင်းပြည်နယ်တွင် အဲန်အယ်ဒီအစိုးရတက်လာပြီးနောက်ပိုင်း ကုမ္ပဏီပေါင်း ၉၀၀ ကျော်ရှိကြောင်း မြန်မာတိုင်း(မ်) သတင်းစာမှ ဖော်ပြခဲ့ဖူးသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...