လက်ကိုင်စကားပြောစက် သုံးစွဲမှုဖြင့် သမ္မာကျမ်းစာသင်တန်းကျောင်း တာဝန်ခံတစ်ဦးကို အမှုဖွင့်ထား

လက်ကိုင်စကားပြောစက် သုံးစွဲမှုဖြင့် သမ္မာကျမ်းစာသင်တန်းကျောင်း တာဝန်ခံတစ်ဦးကို အမှုဖွင့်ထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ ‘အသက်သာသစ်သမ္မာကျမ်းစာသင်တန်းကျောင်း’ တွင် အစိုးရအာဏာပိုင်များ သွားရောက်စစ်ဆေးခဲ့ပြီးနောက် လက်ကိုင်စကားပြောစက် တွေ့ရှိခဲ့သောကြောင့် တာဝန်ခံ တစ်ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ရက် နံနက် ၃နာရီတွင် စရဖအပါအဝင် မြို့နယ်ရဲ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ လူအင်အား ၂၀ကျော်ခန့်က အဆိုပါသင်တန်းကျောင်းကို လာရောက်စစ်ဆေးခဲ့ရာ သင်တန်းအတွင်းအသုံးပြုနေသည့် လက်ကိုင် စကားပြောစက် ၅လုံးကို သိမ်းယူသွားသည်ဟု သင်တန်းကျောင်းတာဝန်ခံ Sara Seng Hpa က ပြောဆိုသည်။

“သူတို့ လာရောက်စစ်ဆေးတဲ့အခါမှာ တစ်ကျောင်းလုံးစစ်တယ်။ တပ်ထားတဲ့ စီစီတီဗီလည်း စစ်တယ်။ ပြီးရင်လက်ကိုင်ဖုန်းတွေသိမ်းယူလိုက်တယ်။ သင်တန်းသားတွေကိုလည်း စစ်တယ်။ နောက် သင်တန်းကျောင်းအတွင်းအသုံးပြုနေတဲ့ လက်ကိုင်စကားပြောစက် ၅ခု ရှိတာကိုလည်း သိမ်းယူသွားတယ်။ အဲ့ စကားပြောစက် ၅လုံးမှ ၃လုံးအပျက်ဟုတ်တယ်”ဟု ပြောဆိုခဲ့သည်။

ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကားပြောစက် ကိုင်ဆောင်မှုကြောင့် သင်တန်းကျောင်း၏ စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာ Lahkye Seng Awng ကို နယ်ထိန်း ဒုရဲအုပ် ညီညီလင်း တရားလိုပြုကာ အမှုဖွင့်ထားကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ ခွင့်ပြုချက်မရဘဲ လက်ကိုင်စကားပြောစက် ကိုင်ဆောင်တဲ့အတွက် ဆက်သွယ်ရေး ပုဒ်မ နဲ့ အရေးထားတယ်။ ဒါက တရားဝင်ကိုင်ဆာင်ခွင့်မရှိဘဲ ကိုင်ဆောင်တဲ့အတွက် ဖြစ်တယ်”ဟု မြစ်ကြီးနားမြို့နယ် ရဲမှူး မြင့်မိုး က ပြောဆိုခဲ့သည်။

အဆိုပါသင်တန်းကျောင်းသည် မူးယစ်ဆေးစွဲသောသူများကို စာရိတ္တပြုပြင်ပေးနေသော သမ္မာကျမ်းစာသင်တန်းကျောင်းတစ်ခုဖြစ်ကာ လက်ရှိ သင်တန်းသား ဦးရေ ၁၀၀ ရှိသည်ဟု သိရပါသည်။

ကချင်ပြည်နယ်အတွင်း ဆိုးရွားလာသော မူးယစ်ဆေးဝါးအန္တရယ်ကို ကာကွယ်ရန် ကချင်ခရစ်ယာန်အသင်းတော်များ ဦးဆောင်မှုဖြင့် ကချင်လူထူမူးယစ်တိုက်ဖျက်ရေးအဖွဲ့ PJS ကို ၂၀၁၄ ဧပြီ ၂၄ ရက်နေ့တွင် ကချင်နှင့် ရှမ်းမြောက်ဒေသများတွင် ဖွဲ့စည်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်နေသည်မှာ ယနေ့ထိ ဖြစ်ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...