စစ်ဘေးရှောင်များအတွက် ပလက်ဝမြို့သစ်စီမံကိန်းတွင် မြေကွက်ချပေးမည်

စစ်ဘေးရှောင်များအတွက် ပလက်ဝမြို့သစ်စီမံကိန်းတွင် မြေကွက်ချပေးမည်

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တိုက်ပွဲကြောင့် နေရပ်စွန့်ခွါနေကြရသည့် စစ်ဘေး ရှောင် ပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက် ပလက်ဝမြို့သစ်စီမံကိန်းတွင် မြေကွက်များချပေးမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ စစ်ဘေးရှောင်ထဲကနေအခု AA တွေဖမ်းလိုက်လို့ထွက်ပြေးလာတဲ့ ၁၂ ယောက်အတွက် ကျနော်တို့ ပလက်ဝမှာ မြေနေရာချထားပြီးပြီ၊ နောက်ထပ် ပလက်ဝဘက်မှာ နေချင်တဲ့ လုံခြုံအေးချမ်းတဲ့နေရာမှာ နေချင်တယ်ဆိုရင်လည်း ပလက်ဝမြို့သစ်စီမံကိန်းလုပ်နေတာရှိတယ် အဲဒီထဲမှာ ကျနော်တို့ပေးဖို့လုပ်နေတယ်၊ နောက် မီးဇာမှာလည်း ကျနော်တို့ မြို့တည်မယ့်နေရာဖြစ်တော့ မီးဇာမှာလည်းနေချင်ရင် အဲဒီမှာမြေကွက်ချပေးဖို့လုပ်နေတယ်’’ ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၄၀၀ ကျော်ရှိသည်။ စစ်ဘေးရှောင် ပြည်သူအများစုသည် မီးဇာကျေးရွာတွင် နေထိုင်ကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လည်း မရရှိကြပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကတော့ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ်အတွင်းရှိ စေတနာရှင် ပြည်သူများနှင့်အဖွဲ့အစည်းများက စုပေါင်းထည့်ဝင်အလှူငွေ ကျပ်ငွေ စုစုပေါင်း ကျပ် (၂၃၆၆.၈၄)သိန်းကို ပလက်ဝမြို့ ကီမိုခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လစဉ်ရရှိနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြည်ထောင်စုဘက်မှ လစဉ်ထောက်ပံ့ပေးမည်ဟု ဝန်ကြီးကဆက်ပြောသည်။

“ချင်းပြည်နယ်အစိုးရအနေနဲ့ကတော့ ပြည်ထောင်စုကိုတင်ပြထားပြီးတော့ ပြည်ထောင်စုကနေပဲ တောက်လျှောက်ထောက်ပံ့မှာ ပြည်ထောင်စုကနေပြီးတော့ သူတို့ လစဉ်၊ လစဉ် န.တ.လ ဖက်ကရော လူကယ်ပြန်အနေနဲ့ကရော လစဉ်ထောက်ပံ့ပေးဖို့တော့ လုပ်ထားတယ်’’ ဟု ဝန်ကြီးကပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...