မြောက်ဦးဒေသခံတစ်ဦး ကျည်ဆန်ထိမှန်မှုကြောင့်သေဆုံး

မြောက်ဦးဒေသခံတစ်ဦး ကျည်ဆန်ထိမှန်မှုကြောင့်သေဆုံး

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊တောင်မြင့်ကျေးရွာမှ ဒေသခံတစ်ဦး ကျည်ဆန်ထိမှန်မှုကြောင့် မြောက်ဦး ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်သေဆုံးသွားသည်ဟု မိသားစု ဝင်များက DMG ကိုပြောသည်။

အသက် (၂၂)နှစ်အရွယ် ကိုမောင်ကြီး(ခ) ဘိုသန်းထွန်းသည် ဇူလိုင်လ ၂၃ ရက်နေ့က မိသားစုဝင်များနှင့်အတူ မိမိကျေးရွာမှ တိမ်ညိုကျေးရွာသို့ စက်လှေစီးပြီး မျိုးစပါးသွားပို့စဉ် တိမ်ညိုကျေးရွာအနီး၊ ထောက်ပို့ဒိုင် ကွင်း အရှေ့တွင် တပ်မတော်၏ ပစ်ခတ်မှုကိုခံရသည်ဟု အတူပါလာသည့်အစ်မဖြစ်သူ ဒေါ်အေးအေးနုက ပြော သည်။

“စက်လှေနဲ့လာတာပါ။ စစ်တပ်ကလိုက်လို့ပစ်တယ်။ မောင်မှာ ဦးခေါင်းမှာထိတယ်။ ကောက်မျိုးစပါးပို့ဖို့ သွားတာပါ။ ပစ်တာကတော့ ရေလို့တောင်မရဘူး”ဟု ၎င်းက ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းတွင်ကျည်ဆန်ထိမှန်သွားသဖြင့် မြောက်ဦးဆေးရုံတွင်ဆေးကုသမှုခံယူခဲ့သည်။ သို့သော် ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံကြီးသို့သွားရောက်ရန် ပြင်ဆင်နေစဉ်သေဆုံးသွားခြင်းဟု ကူညီ ဆောင်ရွက်ပေးနေသူ ကိုစံံဝေက ပြောသည်။

“ဒီနေ့ ၉ နာရီမှာ သေတာပါ။ ဆရာဝန်က ပြောတယ်။လူနာအခြေအနေစိုးရိမ်ရလို့ စစ်တွေဆေးရုံကို သွားရင်ပိုကောင်းတယ်။ လူနာကို အရေးပေါ်ကားပေါ်တင်နေတုန်း သေဆုံးသွားတယ်။ မသေဆုံးခင် အချိန်မှာလည်း သတိတစ်ချက်မှ မရသွားဘူး” ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသူမှာ တပ်မတော်၏ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်၏ ပြောဆိုချက် နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က ဆက်သွယ်မေးမြန်းရာ တွင် “အဲဒါကို ကျနော်မကြားသေးဘူး”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ် AA နှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံရသူများလည်း များပြားလာသည်။ မေလ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ကျောက်တန်း ကျေးရွာတွင် ဒေသခံ (၂၇၀)ကျော်အား AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်စစ်ဆေးရာတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် လူ(၈)ဦးသေဆုံးခဲ့သည်။

ထိုသို့ပစ်ခတ်မှုမှာ သေနတ်ဝင်လုသဖြင့် မဖြစ်မနေ ပစ်ခတ်လိုက်ရခြင်းဟု တပ်မတော်က ပြောဆိုသော်လည်း စစ်ဆေးခံရသူများကမူ စိတ်မနှံ့သူ တစ်ဦးက အော်ဟစ်စဉ် ပစ်ခတ်ခံရခြင်းဟု ဆိုကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...