တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့သို့ စစ်ရှောင်တစ်ချို့ရောက်ရှိခိုလှုံ

တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့သို့ စစ်ရှောင်တစ်ချို့ရောက်ရှိခိုလှုံ

ဇူလိုင်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၃၀ ဦးခန့်မှာ ကျောက်ဖြူမြိုပေါ်သို့ ရောက်ရှိ ခိုလှုံနေကြရသည်။

စစ်ဘေးရှောင်များမှာ အမ်းမြို့နယ် ဒုက္ကံကျေးရွာမှ ဖြစ်ကြပြီး ဇူလိုင်လ ၁၉ ရက်နေ့ကအမ်းမြို့နယ် မသံကြိုးကျေးရွာအနီး ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရခိုင့်တပ်တော်တို့ ၏တိုက်ပွဲများကြောင့် ကျေးရွာအနီးသို့ လက်ကြီးကျည်များကျရောက်သဖြင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

"အဲဒီစစ်ဖြစ်တဲ့နေ့က ဘယ်အဖွဲ့ပစ်လိုက်တယ်တော့မသိဘူးပေါ့၊ လက်နက်ကြီး ကျည်ဆံ(၃/၄)လုံးလောက် ရွာနားကိုကျတယ်၊ အဲဒီဟာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာပါ၊ အခုကျောက်ဖြူကိုလာတာက တော့လူ(၃၀)လောက်တော့ပါတယ်၊ ဒီမှာမိသားစုဝင်တွေရှိတဲ့အတွက်ပေါ့၊ အမျိုးသမီးတွေကတော့ တစ်ခြားနီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတာတွေတော့ရှိတယ်၊ ရွာမှာကတော့ ယောင်္ကျားတစ်ချို့လောက်ပဲ ကျန်ခဲ့တယ်"လို့ ဒုက္ကံကျေးရွာသားတစ်ဦးမှပြောသည်။

ဒုက္ကံကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ခန့်ရှိကာ ချင်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။

ကျေးရွာသားများမှာ လယ်ယာလုပ်ငန်း၊ ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသဖြင့် တိုက်ပွဲကြောင့် တိမ်းရှောင်လာရသဖြင့် လုပ်ငန်းများကိုပစ်ထားခဲ့ရသလို လတ်တလော စားသောက်ရေးပိုင်းမှာပါ အခက်အခဲ ဖြစ်နေသလို ကလေးငယ်များမှာလည်း ကျောင်းမတက်ရပဲဖြစ်နေကြသည်ဟုဆိုသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...