ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် တိမ်ညိုစစ်ရှောင်စခန်း စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေ

ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် တိမ်ညိုစစ်ရှောင်စခန်း စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေ

ပြီးခဲ့သည့်ရက်ပိုင်းက ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် မြောက်ဦးမြို့နယ်၊ တိမ်ညို စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

လူဦးရေ ၃၀၀၀ ကျော်ခန့် နေထိုင်သော ယင်း စစ်ရှောင်စခန်းမှာ ရေဘေးကြုံတွေ့ခဲ့ပြီးနောက်ပိုင်း စားနပ်ရိက္ခာ တချို့ ပျက်စီးခဲ့ကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်ကပြောသည်။

“အစစအရာရာ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ စားနပ်ရိက္ခာကအစပေါ့။ တချို့ရိက္ခာတွေ ရေနစ်သွားတာကြောင့် အဲဒီအပေါ်မှာ ကျနော်တို့မှာ လိုအပ်ချက်တွေ ရှိနေပါတယ်။” ဟုပြောသည်။

စစ်ဘေးရှောင်စခန်းများအတွက် အစိုးရ၏ ကူညီထောက်ပံ့မှုမှာ အလွန်နည်းပါးပြီး အရပ်ဖက် အဖွဲ့အစည်းများ၏ ကူူညီထောက်ပံ့မှုများမှာလည်း နည်းပါးလာသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ အခက်အခဲ ရှိနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်တိမ်းနေရသူများမှာလည်း မိမိတို့ နေရပ်ကိုပြန်ရန် အခက်အခဲများ ရှိနေကြသည့်အတွက် ရေရှည်တွင် စားဝတ်နေရေး အကူညီများ လိုအပ်နေ ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“တိမ်ညိုဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၇၀၀နဲ့ လူဦးရေး ၃၀၀၀ နီးပါးလောက်ရှိပါတယ်။ သူတို့တွေက ဒီအတိုင်းဆက်နေမယ်ဆိုလို့ရှိရင်တော့ မနေလို့ကလည်း မရဘူး။ နေလည်းနေရမယ် ဒါပေမဲ့ စားဝတ်နေရေးကတော့ တော်တော်လေး အခက်ခဲရှိနေတယ်။ ပြီးတော့ သူတို့ကျန်းမားရေးကလည်း မိုးဦးကျကာကလမှာပေါ့နော် ငှက်ဖျားတို့ တုပ်ကွေးတို့ တော်တော်လေးဖြစ်ခဲ့တယ်။ အစစအရာရာ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ စားနပ်ရိက္ခာကအစပေါ့။ တချို့ရိက္ခာတွေ ရေနစ်သွားတာကြောင့် အဲဒီအပေါ်မှာ လိုအပ်ချက်တွေ ရှိနေပါတယ်” ဟုပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များအရေးနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုပါ အကူညီပေးစေလိုကြောင်းလည်း ဦးထွန်းသာစိန်ကပြောသည်။

စစ်ရှောင်များကို ကူညီနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများကို သွားလာခွင့်ပြုရန် နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြသော်လည်း အစိုးရအနေဖြင့် ICRC နှင့် WFP နှစ်ခုကိုသာ ကူညီရေးအတွက် ခွင့်ပြုထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...