၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိရေး ဆောင်ရွက်နေဟု ချင်းရွေးကောက်ပွဲကော်မရှင်ပြော

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိရေး ဆောင်ရွက်နေဟု ချင်းရွေးကောက်ပွဲကော်မရှင်ပြော

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ မဲပေးခွင့်မဆုံးရှုံး ရလေအောင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်များ၏ စာရင်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“ကျနော်အခုလက်ရှိ အိမ်ထောင်စုလိုက်လူဦးစာရင်းတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေပြီးမှ ဦးစီးပြီး တော့ ကောက်နေပြီ ကောက်လို့ရတဲ့ဟာတွေကို အချက်အလက်တွေပေါ်မူတည်ပြီးတော့ လ.ဝ.က နဲ့ဆိုင်ရင် လ.ဝ.က လုပ်ပေးမယ် အိမ်ထောင်စုစရင်းတွေထုတ်ပေးလုပ်တာတို့ မှတ်ပုံတင်လုပ်ပေးတာတို့ အဲဒါလုပ်ပေးတာ နှစ်လလုပ်ပေးမယ် သြဂုတ်လအထိ အဲထဲမှာပဲတစ်ပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ် ကျနော်တို့မြို့နယ်ကော်မရှင်တွေကိုကောက်ယူရတဲ့ စရင်းတွေကို မြို့နယ်ထွေအုပ်ကနေ ကျနော်တို့ဆီအပ်မယ် မြို့နယ်ကော်မရှင်ကနေ ကွန်ပြူတာထဲကိုစရင်းသွင်းမယ် အခြေခံမဲဆန္ဒရှင်မူကြမ်းထွက်လာမှာပေါ့” ဟု ဦးလင်းကျော်ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင် ရာကဏ္ဍစုံမှပါဝင်ပတ်သက်သူများတွေ့ဆုံပွဲကို ဇူလိုင်လ ၉ ရက်နေ့က ချင်းပြည်နယ်ဟားခါးမြို့ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် ကောင်းမွန်စွာမဲပေးနိုင်သည့်အခွင့်အလမ်း အပြည့်အဝမဖန်တီးနိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေရန် ကြိုတင်ပြင်ဆင်ထားသည်ဟု ဦးလင်းကျော်ကပြောသည်။

“ကျနော်တို့ပထမအစီစဉ်ကတော့ ကျနော်တို့လူဦးရေစရင်းကောက်တဲ့ဇယားပုံစံထဲမှာကို မသန်စွမ်းအတွက်ဆို ပြီးတော့ သီးခြားဇယားတိုင် ကျနော်တို့လုပ်လိုက်တယ် အဲဒီမသန်စွမ်းလေးမျိုးထဲကနေ အမြင်အကြားခန္ဓာဉာဏ်ရည်မမှီပေါ့ အဲဒီဟာကိုကောက်တဲ့လူကနေ မှတ်ချက်ပေးမယ် မှတ်ချက်ပေးလာလို့ရှိရင် ကျနော်တို့ကော်မရှင်ဆီရောက်လာတဲ့အခါကျတော့ ဘယ်မဲရုံမှာတော့ မသန်စွမ်းအမျိုးအစားကဘယ်လိုရှိလဲ အဲဒီပေါ်မှာမူတည်ပြီးတော့ ကျနော်တို့မဲရုံကိုပြင်ဆင်ပေးမယ် တချို့မဲရုံဆိုလိုရှိရင်လည်း အပေါ်ထပ်မှာဖြစ်နေတယ်ဆိုလိုရှိရင် အောက်ထပ်ကိုပြန်ပြောင်းပြီးမယ်ပေါ့ မဲဆန္ဒရှင်စရင်းကို အဲလိုလေးတွေကျနော်တို့ ကြိုပြီးတော့စီစဉ်ထားတယ်”ဟု ဦးလင်းကျော်ကပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေဒုတိယအများဆုံးပြည်နယ်ဖြစ်သည်။

ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရရှိနိုင်အောင် အထွေထွေဦးစီးဌာနမှ လူဦးရေစရင်းကောက်ခံလာသည့်အချိန်တွင် မဲဆန္ဒှရှင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး အချက်အလက်များမှန်မှန်ကန်ကန်ပေးအပ်ရန်လို အပ်ကြောင်း ၎င်းကဆက်ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံတိကျမှန်ကန်သည့် မဲစာရင်းရရှိအောင်ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင်ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ဟားခါးမသန်စွမ် းအဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ Chin Women Organization, Hakha (CWO)၊ သတင်းမီဒီယာအသင်းအဖွဲ့၊ ဟားခါးမြို့နယ်စည်ပင်သာယာေရးအဖွဲ့နှင့် ဟားခါးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များပါဝင်တက်ရောက်ခဲ့ကြသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...