ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၅ ခုအကောင်အထည်ဖော်ရန် တရုတ်ကုမ္ပဏီနှင့် သဘောတူ

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၅ ခုအကောင်အထည်ဖော်ရန် တရုတ်ကုမ္ပဏီနှင့် သဘောတူ

ချင်းပြည်နယ်မြို့နယ် ၄ မြို့နယ်တွင် အလတ်စားရေအားလျှပ်စစ်စီမံကိန်း ၅ ခုအကောင်အထည်ဖော်ရန် ချင်းပြည်နယ်အ စိုးရအဖွဲ့နှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Power China International Group Limited တို့ သဘောတူထားသည်ဟု သိရသည်။

Power China International Group Limited အနေဖြင့် မီဂါဝဘ် (၃၀) အောက်ရှိသော အလတ်စားေ ရအားလျှပ်စစ်ထု တ်လုပ်နိုင်မည့် ဖြစ်နိုင်ခြေ ခြုံငုံလေ့လာမှုကို ချင်းပြည်နယ်တွင် တစ်နှစ်အချိန်ယူကွင်းဆင်း ပြီးနောက် ဖြစ်နိုင်ခြေရှိပါက နာလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ Power China နဲ့ (၃၀) မီဂါဝဘ်အောက်ပေါ့နော် ရေအားအလတ်စားတွေပေါ့ အလတ်စားတွေ(၅) ခုထိုးထားတယ်၊ အခုက သူတို့က ခြုံငုံလေ့လာမှုကွင်းဆင်းတာပဲရှိသေးတယ် သူတို့စာချုပ်သက်တမ်းအရ Power China တော့တစ်နှစ်အတွင်းမှာ ဒီခြုံငုံလေ့လာမှုဒေတာတွေကိုတင်ပြီးမှ အဲဒီခြုံငုံလေ့လာမှုသေချာမှ MဝU (နားလည်မှု စာချွန်လွှ ာ) ထပ်ထိုးဖို့လုပ်ရမှာ အခုက ခြုံငုံလေ့လာမှုပဲရှိသေးတယ် တစ်နှစ်၊ ဖြစ်နိုင်ခြေရှိမရှိ ဆန်းစစ်လေ့လာမှုအတွ က်တစ်နှစ်ပေးထားတယ်” ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

Power China ကုမ္ပဏီမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ဖြစ်နိုင်ခြေရှိမရှိခြုံငုံလေ့လာမှုပြုလုပ်မည့် ဒေသများမှာ ဟားခါးမြို့နယ်တွင် Buanluan နှင့် Timit၊ ထန်တလန်မြို့နယ်တွင် Ngaphaipi၊ ပလက်ဝမြို့နယ်တွင် ပဲတင်း၀ နှင့် မတူပီမြို့နယ်တွင် Ruava ရွာသစ်တို့ဖြစ်သည်။

ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းကတော့ အဆိုပါစီမံကိန်းကို စနစ်တကျဖြင့် အကောင်အထည်ဖော်နိုင်မည်ဆိုပါက ချင်းပြည်နယ်အတွက် အကျိူးပြုလာမည်ဟု ယုံကြည်ကြောင်း ပြောဆိုပါသည်။

“ဒီဟာက လုပ်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ဘာမှကန့်ကွက်စရာလည်းမရှိပါဘူး၊ ဒေသဖွံ့ဖြိုးရေး များစွာအထောက်ကူပြုမယ်လို့သုံးသပ်ပါတယ်၊ သို့သော်တကယ်တကယ်လက်တွေ့လုပ်တဲ့အခါမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိဘူးပေါ့ သူတို့ပြောတဲ့အတိုင်းဆိုရင် ဒါဒေသအကျိုးကိုတော်တော်လေး အကျိုးပြုမယ့်အနေအထားဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ချင်းပြည်နယ်က တောတောင်သဘာဝရေမြေအခြေအနေအရ အသေးစားရေအားလျှပ်စစ်တွေလုပ်ဖို့ နေရာတွေကတော်တော်ကိုအဆင်ပြေတယ်လေ အဲတော့ အဲဒါတွေက စနစ်တကျနဲ့လုပ်ပေးနိုင်တယ်ဆိုရင်တော့ ဒါဒေသအကျိုးတော်တော်ကို ဖွံ့ဖြိုးလာမယ်လို့သုံးသပ်မိပါတယ်” ဟု သူကပြောသည်။

အလားတူ နော်ဝေးကုမ္ပဏီတစ်ခုဖြစ်သည့် Norway Power ကုမ္ပဏီနှင့်လည်း အလတ်စားရေအားလျှပ်စစ် ၃ ခု အကောင် အထည်ဖော်ဆောင်ရန် သဘောတူထားပြီး ၎င်းတို့ကိုလည်း ဖြစ်နိုင်ခြေရှိမရှိ ခြုံငုံသပ်မှုကာလ အချိန်တစ်နှစ်ပေးထားသည် ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...