စစ်ဘေးရှောင်ဦးရေ တိုးလာသည့်အတွက် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေ

စစ်ဘေးရှောင်ဦးရေ တိုးလာသည့်အတွက် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ တစ်နေ့ထက်တစ်နေ့တိုးလာနေပြီး စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာလိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကယ်ဆယ်ရေးစခန်းတွင် မနေ့ကဇွန် ၃၀ ရက်နေ့ တစ်နေ့တည်းတွင် စစ်ဘေးရှောင်တိမ်းလာသူ ၄၈၄ ဦးရှိပြီး စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာနေသည့်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောင်မှုများလိုအပ်လျက်ရှိကြောင်း စခန်းတာဝန်ခံ ကိုယ်တော် အာရက္ခကမိန့်သည်။

“သူတို့က ဘုန်းကြီးကျောင်းမှာ အဆင်ပြေသလိုနေထိုင်နေကြတယ်။ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေတော့ လိုအပ်နေတယ် ” ဟု ကိုယ်တော်အာရက္ခကမိန့်သည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်စစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးဒုက္ခသည်ထပ်တိုးလာနေပြီး စုစုပေါင်းဒုက္ခသည် ၂၁၀၀ ဦးအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေကြောင်း သိရသည်။

ပိုးရွီပြင်မဟာမိတ်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က “ နေရာထိုင်ခင်းကတော့ လုံလုံလောက်လောက်ရှိပါတယ်။ အဓိကလိုတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုလိုပါမယ်။ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပါတယ် ” ဟု ပြောသည်။

ပေါက်တောပြင်စခန်းနှင့် ပိုးရွှီပြင်စခန်းတို့မှ စစ်ဘေးဒုက္ခသည်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူတစ်ဦးစီကို တစ်လစရိတ် ငွေကျပ် ၉၀၀၀ စီ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၆ မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၄ သောင်းကျော်ရှိပြီး စစ်ရှောင်စခန်း ၅၉ ခုတွင် ကျပ်တည်းစွာနေထိုင်လျက်ရှိကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့အစည်းများမှ သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...