အင်တာနက်ဖြတ်တောက်ထားမှု ဆိုးကျိုးကို မြောက်ဦးက ဘဏ်တချို့ ခံစားနေရ

အင်တာနက်ဖြတ်တောက်ထားမှု ဆိုးကျိုးကို မြောက်ဦးက ဘဏ်တချို့ ခံစားနေရ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၈)မြို့နယ်တွင် အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားသဖြင့် မြောက်ဦးမြို့က ကမ္ဘာ့ရတနာဘဏ်(ခွဲ)တွင် ငွေလွဲှ/ငွေထုတ် ဝန်ဆောင်မှုပေးရာတွင် အခက်အခဲများ ပေါ်ပေါက်နေသည်ဟု ယင်းဘဏ်(ခွဲ)၏ မန်နေဂျာ ဦးဦးဘသိန်းက DMG ကိုပြောသည်။

မြောက်ဦးမြို့တွင် ကမ္ဘာ့ရတနာဘဏ်၊ ကမ္ဘောဇဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ရှိသော်လည်း ကမ္ဘောဇ ဘဏ်မှာ လက်နက်ကျည်ဆန်ထိမှန်စဉ်ကပင် ပိတ်ထားရသည်။ ယင်းမြို့တွင် ယခင်ကပင် ကမ္ဘာ့ရတနာဘဏ်နှင့် ကမ္ဘောဇဘဏ်တို့ကိုသာ လူအသုံးပြုမှုများခဲ့သည်။ ယခု ကမ္ဘောဇဘဏ်ကို ပိတ်ထားသဖြင့် ကမ္ဘာ့ရတနာဘဏ်ကိုသာ အဓိက အားကိုးနေရသည်။

သို့သော် အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားသဖြင့် ငွေလွဲှ၊ငွေထုတ်ရာတွင် အခက်အခဲများ ဖြစ်နေပြီး တစ်ရက်လျှင် လူပေါင်း (၁၀၀)ခန့်သာ ဝန်ဆောင်မှု ပေးနိုင်သည်ဟု ကမ္ဘာ့ရတနာဘဏ်က သိရသည်။    

“အခုလို သတ်မှတ်ထားရတာဟာ ကျွန်တော်တို့မှာ Online နဲ့ပဲ အလုပ်လုပ်နေရတာ။ Online မရတဲ့အခါ စစ်တွေကို ဝန်ထမ်းလွှတ်ရတယ်။ စစ်တွေကတဆင့် လုပ်နေတဲ့အခါ ဘာမှအဆင်မပြေဘူး။ အနှောင့်အယှက်တွေ တအားများတယ်။ ကျွန်တော်တို့လည်း အစွမ်းကုန် ညနေ ၅နာရီ ၊၆နာရီ ထိ လုပ်ပေးနေရတယ်” ဟု ဦးဦးဘသိန်းက ပြောသည်။

ထို့အပြင် အင်တာနက်ဖြတ်ထားသဖြင့် Wave Money၊ True Money တို့နှင့်လည်း ငွေလွှဲ ၊ ငွေပို့၍ မရသောကြောင့် အခက်အခဲများ ဖြစ်နေကြသည်ဟု မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားသည်။

ထိုသို့ ပိတ်ပင်ထားမှုကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လွန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသဖြင့် အင်တာနက်ဖြတ်တောက်မှုကို ချက်ချင်းရပ်တန့်ရန် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုထားကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...