ချင်းပြည်နယ်သို့ တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ (၃) ဦး နယ်စပ်တွင်ဖမ်းမိ

ချင်းပြည်နယ်သို့ တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ (၃) ဦး နယ်စပ်တွင်ဖမ်းမိ

အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ (၃) ဦးကို အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ဇွန်လ ၁၈ ရက် နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။

ရိခေါဒါရ်မြို့ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် တစ်ဖက်အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံဖက်သို့ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂါလီများ ခိုးဝင်လာကြောင်း သတင်းရရှိပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တီအိုချောင်းအနီး၌ စောင့်ဆိုင်းနေစဉ် နှစ်နိုင်ငံနယ်စပ်တံတား၏ မြောက်ဘက် (၁)ဖာလုံခန့်အကွာတွင် နယ်စပ်ချောင်းအား ဖြတ်ကျော် လာပြီး အထောက်အထားမဲ့ဝင်ရောက်လာသော ဘင်္ဂလားဒေရှ့်နိုင်ငံမှ ရိုဟင်ဂျာ အမျိုးသား တစ်ဦးနှင့် အမျိုး သမီး နှစ်ဦးတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးဦးချန့်လျန်နာက “ ဖမ်းတာဟုတ်ပါတယ်၊ မနေ့ကဖမ်းတာပါ ဒီနေ့မှာ ဖလမ်းရဲစခန်းကို လွဲပြောင်းလိုက်တယ်’’ ဟု ပြောသည်။

အဆိုပါ ခိုးဝင်လာသူသုံးဦး တို့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စီတောင်းကျေး ရွာတွင် နေထိုင်သော မောင်ဆာဟာနာဇ်အာမစ်၊ မမူနီနာဘယ်ဂမ်လာစတာ (အသက် ၂၆ နှစ်)၊ နှင့် မဘာဘလီဘယ်ဂမ်လာစတာ ( အသက် ၂၀ နှစ်၊)၊ တို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့သည် ဘူးသီးတောင်မြို့နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Coxbezar)ခရိုင်၊ ကူတူအာလောင်ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး နှစ်လနီးပါး ခန့် နေထိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ (Silchar) မြို့သို့လည်းကောင်း၊ အာသံပြည်နယ်မှတစ်ဆင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ ကျန်ဖိုင်းမြို့များနှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် (အိန္ဒိယဘက်ခြမ်း) ဇိုခေါထာရ်ကျေးရွာအထိ အမည်မသိပွဲစား တစ်ဦးက လမ်းပြခေါ်ဆောင်လာ၍ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် ဖြတ်သန်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ရိခေါဒါရ်မြို့ ပြန်ဆက် အွန်လိုင်းစာမျက်နှာတွင်ဖော်ပြထားသည်။

ရိခေါဒါရ်မြို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ရာ ၎င်းတို့ သုံးဦးတို့အား မြန်မာနိုင်ငံဘက်မှ လာရောက်ကြိုဆိုရန်နှင့် ဆက်လက်ပို့ ဆောင်ပေးရန် အမျိုးသားတစ်ဦးအား ကားဖြင့်ရောက်ရှိလာသော ကလေးမြို့တွင် နထိုင်သူ ဦးတင်လှိုင် (အသက် ၅၀ နှစ်)ကိုလည်းဖမ်းမိသည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...