မီဇိုရမ်ပြည်နယ်သို့ ခိုလှုံသည့် စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ပို့ရန်စီစဉ်

မီဇိုရမ်ပြည်နယ်သို့ ခိုလှုံသည့် စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ပို့ရန်စီစဉ်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်နယ်စပ်ဒေသတွင် သွားရောက်ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ပို့ရန် မီဇိုရမ်အစိုးရက စီစဉ်နေသည်ဟုသိရသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်တပ်ဖွဲ့ (အေအေ) တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ နေရပ်စွန့်ခွါ ထွက်ပြေးခိုလှုံသူများဖြစ်ကြပြီး ယခုလက်ရှိတွင် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Hmawngbuchuah ကျေးရွာတွင် နေထိုင်လျက်ရှိကြသည်။

အစကနဦးပိုင်းတွင် အဆိုပါဒေသသို့ ထွက်ပြေးတိမ်းရှောင်သူများသည် လူဦးရေထောင်ဂဏာန်းအထိရှိခဲ့ပြီး အများ စုမှာ နေရပ်သို့ပြန်သွားကြပြီဖြစ်သည်။

ယခုအခါ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု (၅၄) စု လူဦးရေ (၂၁၉) ဦးသာ ကျန်ရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ဇွန်လ ၁၅ ရက်နေ့က ၎င်းတို့နေရပ် ချင်းပြည်နယ်ဘက်သို့ပြန်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင်ဖော်ပြထားသည်။

သို့သော်လည်း ရာသီဥတုအခြေအနေနှင့် အခြားသောအကြောင်းကြောင်းကြောင့် အဆိုပါအစီစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

မီဇိုရမ်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့ကို မည်သည့်အတွက်ကြောင့် နေရပ်ပြန်ပို့ရန် စီစဉ်သည်ကိုမူ မသိရပေ။

စစ်ဘေးရှောင်ပြည်သူများကတော့ “နေရပ်ကိုမပြန်ချင်ကြဘူး” ဟု ပြောဆိုကြကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...