By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာအုပ်စုခွဲတမ်းအတွက် ကုလားတန်မြစ်ကျောင်းအတိုင်း ဆန်အိတ် (၁၅၀) ကျော်နှင့် စားသုံးကုန်ပစ္စည်များတင်ဆောင်လာသည့် ခရီးသည်တင်စက်လှေတစ်စီးကို ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့က ရခိုင်လက်နက်ကိုင် (အေအေ) တပ်ဖွဲ့က ရပ်တန့်စေပြီး သိမ်းယူသွားသည်ဟု သိရသည်။
ကျောင်းဆရာ/ဆရာမများ၊ ဓမ္မအမှုဆောင်များအပါအဝင် ခရီးသည် (၁၉) နှင့် အုပ်စုခွဲတမ်းဆန်များ တင်ဆောင်လာသည့် အဆိုပါစက်လှေသည် ပလက်ဝမြို့မှ ကုလားတန်မြစ်ကျောင်းအတိုင်း တက်သွားပြီး တောင်ပြို နှင့် ကျေးလေ ကျေးရွာအနီးတွင် အေအေ တပ်ဖွဲ့က သေနတ် သုံးချက်ပစ်ဖေါက်ရပ်တန့်စေကာ စက်လှေပေါ် ပါလာသော ဆန်အိတ်နှင့် စားသုံးကုန်များကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု အဆိုပါစက်လှေတွင်ပါလာသူ ဦးနိုင်နိုင်ကပြောသည်။
“ကျွန်တော်တို့က ပလက်ဝတောင်ပြိုလမ်းသွားတာလေ အဲဒါကို ကျေးလေမရောက်ခင်အနီးမှာ သူတို့ သေနတ်သုံးချက်ပစ်ပြီးမှာ တားတာလေ အဲဒီမှ ကျနော်တို့က ဆိပ်ကမ်းဘက်မှာသွားကပ်တာပေါ့နော် အဲလိုနားတဲ့အချိန်မှာ ပစ္စည်းတွေအားလုံးထုတ်ခိုင်းတာ အဲဒါပြီးရင် ဟိုဘက်ဒီဘက်လာတဲ့စက်လှေတွေ အဲဒီမှာနားခိုင်းတယ် အထုတ်အပိုးတွေအားလုံးကို တောင်ပေါ်မှာတင်ခိုင်းတယ် ဆန်အိတ်တွေနဲ့ ပစ္စည်းတွေက သူတို့လည်းသယ်တယ် ကျွန်တော်တို့လည်းသယ်တယ် သူတို့ကနည်းနည်းသယ်တယ် ပြည်သူလူထုတွေကများများသယ်ရတာပေါ့နော် သူတို့မလိုတဲ့ဟာတွေကျတော့ ပိုင်ရှင်ကိုပြန်ပေးတာပေါ့ မုန့်တွေဘာတွေတော့မယူဘူး တောင်ပေါ်ကနေပြန်ချပြီး စက်လှေထဲပြန်ထည့်ပေးတယ် သူတို့ကဆီတွေတော့သိပ်မလိုဘူး သူတို့လိုတာက ဆန်ရယ် ဆားရယ် ငါးပိရယ် ကော်ဖီမစ်တွေရယ် ဆီတော့နည်းနည်းပါးပါးယူတယ်၊ ဆန်အိတ်ဆိုရင်အားလုံးယူပေါ့ သူတို့က ဆန်တွေ ဆီတွေ အရက်တွေ ဘီယာတွေ ငါးပိတွေ ဆားတွေယူတယ် မုန့်တွေတော့မယူဘူး မနေ့ကဖြစ်တာတော့မလွယ်ဘူးနော်၊ ခြိမ်းခြောက်တာတွေတော့မလုပ်ဘူး ” ဟု ဦးနိုင်နိုင်က ခိုနူမ်းသုန်ကိုပြောသည်။
အဆိုပါ စက်လှေပေါ်တွင် ကျေးလက်ဒေသသို့ တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ/မ (၄) ဦးနှင့် ခရစ်ယာန်အမှုတော်ဆောင် (၃) ဦးအပါအဝင် ခရီးသည် (၁၉) ဦးလိုက်ပါပြီး ၎င်းတို့ကို အေအေ တပ်ဖွဲ့က တစ်ညထိန်းသိမ်းကာ ဇွန်လ (၄) နေ့မနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
ပလက်ဝမြို့နယ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) လှုပ်ရှားမှုရှိနေသည့်အတွက် တပ်မတော်မှ ဖြတ်လေးဖြတ် နည်းဗျူဟာအရ ရိက္ခာဖြတ်တောက်သည့်အနေဖြင့် မေလဆန်းပိုင်းကစ၍ ပလက်ဝသို့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည်။ သို့သော်လည်း မကြာသေးခင်ရက်ပိုင်းကစ၍ မြို့နယ်အုပ်ချူပ်ရေးမှူး၏ ထောက်ခံချက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲတမ်းဖြင့်ဆန်များကို ပြန်လည် သယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ယခုသိမ်းဆည်းသည့် ဆန်နှင့်ကုန်ပစ္စည်းများ သည် မြန်မာ့တပ်မတော်မှ အရပ်သားများကိုအသုံးပြုကာ ကုလားတန်မြစ်အထက်ဘက်သို့ ရိုက္ခာပို့ဆောင်ခိုင်းခြင်းဖြစ်လို့ သိမ်းဆည်းထားခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။
“လွန်ခဲ့တဲ့မေလတဲ့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တယ် တပ်မတော်ဘက်ကလည်း အကျအရှုံးတော်တော်များများရှိတယ် အဲဒီတိုက်ပွဖြစ်တဲ့နောက်ပိုင်းမှာ ကုလားတန်အထက်ပိုင်းကို ရိုက္ခာပို့တဲ့အခါ အရပ်သားစက်လှေတွေကိုသုံးပြီးတော့မှ အရပ်သားပစ္စည်းတွေပါဆိုပြီးမှ ပို့နေတဲ့ဟာရှိတယ် အဲဒီမှာကျနော်တို့က လုံခြုံရေးအရ စက်လှေတွေကို မြေပြင်သတင်း အချက်အလက်တွေအခြေခံပြီးတော့ ရပ်တန့်စစ်ဆေးလုပ်ရတာတွေရှိတယ် အဲဒီမှာ ဗမာစစ်တပ်ရဲ့ပစ္စည်းတွေကို တွေ့လို့ရှိရင် သိမ်းဆည်းတာတွေရှိတယ် အခုဆန်အိတ်တွေသိမ်းတယ်ဘာညာဆိုတဲ့ကိစ္စကလည်း ပလက်ဝမြို့နယ်ထဲမှာ စက်လှေတစ်စီးအပေါ်တက်လို့ရှိရင် ဆန်ငါးအိတ်ထက်ယူခွင့်မရှိဘူး တကယ်လို့ငါးအိတ်ထက် အပေါ်ကိုယူမယ်ဆိုလို့ရှိရင် မြို့နယ်အုပ်ချူပ်ရေးမှူး ဗျူဟာမှူးကတဆင့် တိုင်းမှူးထိခွင့်ပြုချက်ယူရတယ် ဒါကြောင့်အရပ်သားတစ်ယောက်နေနဲ့ ဆန်အိတ် ရာနဲ့ချီ ပလက်ဝမြို့နယ်ထဲမှာ သယ်ဆောင်လို့ရနိုင်မရနိုင် ခင်ဗျားတို့လည်းစဉ်းစားကြည့်လို့ရတယ် စစ်တပ်တွေက အရင်တုန်းက အဲလိုမျိူးလုပ်ခဲ့တာမျိူးရှိတယ် ကျနော်တို့မြေပြင်တပ်မှူးတွေရဲ့အချက်အလက်တွေအရ အဲဒီပစ္စည်းတွေက ဗမာစစ်တပ်တွေရဲ့ပစ္စည်းတွေဆိုတာ ကျနော်တို့ပြောလို့ရတယ်’’ ဟု ဦးခိုင်သုခကပြောသည်။
ပလက်ဝမြို့ လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကတော့ အေအေတပ်ဖွဲ့အနေဖြင့် အဆိုပါဆန်အိတ်များကို ဖြတ်လုခြင်းမဟုတ်ဘဲ တဖက်လှည့်ဖြင့် အေအေကို ရိက္ခာသွားပို့ပေးခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုပါသည်။
“အဲဒီကုန်သည်စက်လှေပိုင်ရှင်ကလည်း ရခိုင်လူမျိုးဖြစ်နေတာပေါ့နော် အဲဒီတော့ကျနော်တို့မြင်တာကတော့ သူကဘယ်လိုဖြတ်ပြီးမှ ဘယ်လိုသယ်လာသလဲဆိုတာကို ကျနော်တို့မသိဘူးပေါ့နော် အဲဒီဟာက ရိက္ခာသက်သက်ပို့ပေးတာပဲလို့မြင်ပါတာပေါ့ သူတို့ရဲ့ AA ကိုအထောက်အပံ့ပေးနေတဲ့ သဘောပဲလို့ ကျနော်တို့မြင်တယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့နှင့် တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသတွင်းလုံခြုံမှုမရှိသည့်အပြင် ဖွံဖြိုးရေးလုပ်ငန်းများ နှောင့်နှေးမှုဖြစ်ပေါ်စေပြီး စစ်ဘေးရှောင်ပြည်သူများလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်ဟု ၎င်းကဆက်ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာအုပ်စုခွဲတမ်းအတွက် ကုလားတန်မြစ်ကျောင်းအတိုင်း ဆန်အိတ် (၁၅၀) ကျော်နှင့် စားသုံးကုန်ပစ္စည်များတင်ဆောင်လာသည့် ခရီးသည်တင်စက်လှေတစ်စီးကို ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့က ရခိုင်လက်နက်ကိုင် (အေအေ) တပ်ဖွဲ့က ရပ်တန့်စေပြီး သိမ်းယူသွားသည်ဟု သိရသည်။