ချင်းပြည်နယ် အာဟာရဖွံ့ဖြို့ရေးဆိုင်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းရန်လိုအပ်

ချင်းပြည်နယ် အာဟာရဖွံ့ဖြို့ရေးဆိုင်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းရန်လိုအပ်

By လားနွန် – ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၏ အမျိုးသားအာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ငါးနှစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရာမှာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆောင်ရွက်မည့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှုလိုအပ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီးကပြောသည်။

“ကျွန်တော်တို့နိုင်ငံအစိုးရအနေနဲ့လည်း အာဟာရမြှင့်တင်ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်ရန် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရာမှာ ချင်းပြည်နယ်ကို ဦးစားပေး ပြည်နယ်အဖြစ်သတ်မှတ်၍ အကောင်ထည်သွားဖို့ဖြစ်ပါတယ် စီမံကိန်းအကောင်ထည်ဖော်ရန်မှာလည်း အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ပေးမှုဟာ တိုက်တွန်းအားပေးလိုပါတယ် စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်ပေးမယ့် သက်ဆိုင်ရာဌာနအသီးသီးကိုလည်းပဲ အရပ်ဖက်အဖွဲ့အစည်းများနဲ့တကွ ပူးပေါင်းကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါတယ်” ဟု လူမှုဝန်ကြီး ဦးပေါ်လွင်မင်းထန်ကပြောသည်။

ချင်းပြည်နယ်အတွင်း အာဟာရချို့တဲ့မှု လျော့ချရန်အတွက် Scaling Up Nutrition Civil Society Alliance in Myanmar ( SUN CSA Myanmar) အာဟာရမြှင့်တင်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်မှ ဟားခါးမြို့ မြို့တော်ခန်းမတွင် မေလ ၂၉ ရက်န့က ကျေင်းပသည့် အခမ်းအနား၌ ဝန်ကြီးကတိုက်တွန်းပြောကြားခြင်းဖြစ်သည်။

၎င်းအသိပေးဆွေးနွေးပွဲ SUN CSA Myanmar မှပြုလုပ်ခြင်းသည် ချင်းပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအဟာရဖွံ့ဖြိုးမှုစီမံကိန်းဆိုသည့် အဓိပ္ပာယ်ကဘာလဲဆိုတာနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ တစ်သံတည်းထွက်ရန် ဒေသအတွင်းအာဟာရမြှင့်တင်ကွန်ယက်ဖွင့်ရန်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း SUN CSA Myanmar ၏ ဥက္ကဌ ဦးအောင်မြတ်ကျော်ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ ကဏ္ဍပေါင်းစုံအမျိုးသားစီမံကိန်းဆိုတာရှိတယ် ပြီးခဲ့တဲ့ နိုဝင်ဘာလကနေအစိုးရကနေ ထုတ်ပြန်ထားတယ် ထုတ်ပြန်ထားတဲ့အခါကြတော့ အဲဒီထဲမှာ ဦးစားပေး ပြည်နယ်နဲ့ တိုင်းခုနှစ်ခုပါလာတယ် အဲထဲမှာ ချင်းပြည်နယ်က ဦးစားပေးပြည်နယ်တစ်ခုအနေနဲ့ပါလာတယ် တိုင်းမှာဆိုရင်သိသာတာက ဧရာဝတီတိုင်းပါလာတယ် ပြည်ထောင်စုအဆင့်မှာက ပြည်နယ်နဲ့တိုင်းမှာ ဦးစားပေးဘယ်အလုပ်တွေလုပ်မယ်ဆိုတာပါတယ် အဲလိုလုပ်တဲ့အခါကြရင် ကျွန်တော်တို့က ချင်းပြည်နယ်ထဲမှာရှိတဲ့ CSO တွေရဲ့အသံနဲ့ CSO တွေရဲ့ input output တွေလိုတဲ့အခါကြတော့ ကျွန်တော်တို့ SUN အနေနဲ့ဘာလုပ်ပေးလဲဆိုတော့ အခုလိုမျိုးပွဲမျိုးစီစဉ်တာပေါ့ အခုလိုပွဲမျိုးလုပ်ခြင်းအားဖြင့် ဘာအလုပ်တွေလုပ်လဲ ဘယ်လိုအခြေအနေတွေရှိလဲဆိုတာ (၁)အချက်သိရတယ် ချင်းပြည်နယ်မှာ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်တဲ့အခါမှာမှာ နိုင်ငံတော်ရဲ့ စီမံကိန်းတွေဝင်ပါနိုင်ဖို့က ကိုယ့်ချင်းဒေသခံတွေကသာလျှင် ဘယ်လိုမျိုးပေးရင် အကျိုးသက်ရောက်မယ်ဆိုတာသိတယ်။သွားမယ်ဆိုတာကို ရေဘိုရအားဖြင့်ချထားပြီးသား ဥပမာ ချင်းပြည်နယ်မှာဘာလုပ်မလဲဆိုတာကို အစိုးရက ညှို့နှိုင်းတိုင်ပင်ဖို့ လုပ်ဖို့အစီအစဉ်ရှိတယ် ဒါပေမဲ့အဲလိုလုပ်ရင် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ဘာပြောရမလဲဆိုတာ ဖိတ်ဖိတ်ကြားကြားပြောဆိုဖို့အခက်အခဲရှိနိုင်တယ် အဲဒီတော့ ကျွန်တော်တို့ SUN အဖွဲ့ကနေ လုပ်ပေးနိုင်တာက ချင်းပြည်နယ် မှာရှိတဲ့လူမှုအဖွဲ့အစည်းတွေက ကဏ္ဍပေါင်းစုံပါဝင်တဲ့အမျိုးသားစီမံကိန်းဆိုတာဘာဆိုတာကို ကြိုပြီးတော့ အသိပေးချင်တယ် ပြောချင်တာ ဒီမှာ ကျန်းမားရေးဌာနကသူတို့သွားချင်တဲ့ ပစ်မှတ်ရှိတယ် ပညာရေးကလည်းရှိမယ် လူမှုဝန်ထမ်းတွေကလည်းသူတို့မှာရှိတဲ့ outcome တွေရှိတယ်၊ အစိုးရကလည်း ဒီလိုဒီလိုသွားဖို့ရှိတယ်ဆိုတာ ချင်းပြည်နယ်မှာ ပြည်နယ်အဆင့်ထိရှင်းပြဖို့ရှိတယ် သူတို့ချမပြခင်မှာ ကျွန်တော်တို့က SUN ကနေပြီး CSO တွေကို အမျိုးသားစီမံကိန်းဆိုတာဘာလဲကြိုတင်ပြင်ဆင်ပေးဖို့ အဲဒီနည်းအားဖြင့် လောလောဆယ်မှာမြှင့်တင်ပေးနိုင်တယ်၊ နောက်တစ်ချက်က ဒီလုပ်ငန်းကိုလုပ်တဲ့အခါမှာကျရင် ကျွန်တော်တို့က ချင်းပြည်နယ်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလုပ်တဲ့အခါကြရင် အားလုံးကတစ်သံတည်းထွက် ငါတို့ဒေသ ငါတို့အရပ်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရမယ့်ပုံစံမျိုးက ဒီလိုပုံစံမျိုး ပြောနိုင်ဖို့အတွက် ကျွန်တော်တို့က ဒေသအတွင်း အာဟာရမြှင့်တင်ရေးကွန်ယက်မျိုးဖွဲ့ခြင်တယ် နှစ်ပိုင်းနဲ့မြှင့်တင်သွားမယ်” ဟု ဥက္ကဌ ဦးအောင်မြတ်ကျော်ကပြောသည်။

ချင်းပြည်နယ်အတွင်းအာဟာရချို့တည့်မှုကြောင့် လူငယ်တွေမှာ ရှိသင့်ရှိထိုက်သည့်အရပအမောင်းနှင့် ကိုယ်အလေးချိန်များမရှိခြင်းကြောင့် ကွန်ယက်ဖွဲ့စည်းနိုင်မည်ဆိုပါက အာဟာရမြှင့်တင်ပေးဖို့ လုပ်ပေးသင့်သည်ဆိုသည့်အချက်အားပေးနိုင်မည်ဆိုပါ အခြေခံလိုအပ်ချက်တစ်ခုဖြည့်စီးပေးမည်ဖြစ်သည်ဟု ဦးအောင်မြတ်ကျော်ကပြောသည်။

မန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် ချင်းပြည်နယ်ရှိ အသက် (၅) နှစ်အောက် ကလေးငယ်များသည် ကာလတာရှည်အဟာရချိူ့တဲ့မှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ချင်းပြည်နယ်ရှိ ကလေးငယ်များသည် ကာလတာရှည်အဟာရချိူ့တဲ့ခြင်း (သို့မဟုတ်) အရပ်အမောင်းပုညှက်မှု ရာခိုင်နှုန်းသည် (၄၀ ဒသမ ၃) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...