ကလေးမြို့ နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနမှ ရိရေကန်ရှိ ရေနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ လေ့လာမှု ပြုလုပ်

ကလေးမြို့ နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနမှ ရိရေကန်ရှိ ရေနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ လေ့လာမှု ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးနည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဌာန ကျောင်းသားကျောင်းသူများတို့မှ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရိရေကန်နှင့် သဘာဝပတ်ဝန်းကျင်အခြေအနေကို မေ ၃၀ ရက်နေ့က စူးစမ်းလေ့လာ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဓိကအားဖြင့် ရိရေကန်ရှိ ကန်ရေနှင့် ရေကန်ဘေးပတ်ဝန်းကျင် အခြေအနေများကို စူးစမ်းလေ့လာ သုတေသန ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စူးစမ်းလေ့လာသုတေသနပြုလုပ်ရာတွင် ရိရေကန် ကန်ရေ၏ Turbidity/ Transparency, EC, Temperature, PH, Nitrite, Phosphate, Chlorine, Alkalinity, Iron နှင့် Mini SASS (Biological) အခြေအနေများကို စူးစမ်းလေ့လာသုတေသနပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ခံ ဦးလာလ်ပက်လောမ်က ပြောသည်။

“အဓိက လာရောက်လေ့လာတာက water quality ပါ။ သူတို့ ဘာသာရပ်အတွက် ကွင်းဆင်းလေ့လာဖို့ ရောက်ရှိလာကြတာဖြစ်တယ်” လို့ ပြောသည်။

အဆိုပါ ရိရေကန် စူးစမ်းလေ့လာရေးအဖွဲ့သည် ကလေးနည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဌာနမှ ကထိက ဒေါ်အေးဖီယားဗျက်ထဒိမ်း ဦးဆောင်မှုဖြင့် နည်းပြဆရာမ (၅) ဦး၊ ကျောင်းသားကျောင်းသူ (၂၉) ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းအပြင် Field Trip စူးစမ်းလေ့လာမှုများကို ဌာနသို့ ဓာတ်ခွဲလေ့လာပြုစု၍ သုတေသန တွေ့ရှိချက်အဖြေများကို ဖော်ထုတ် သွားမည်ဖြစ်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေယာဉ်ကွင်း၊ ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့ ရေပေးဝေရေး၊ လိုင်ဗားဆည်၊ ဖလမ်းမြို့လေယာဉ်ကွင်းနှင့် ရိရေကန် ကန်ရေအရည်အသွေး (Water Quality) များကို စူးစမ်းလေ့လာ သုတေသနပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...