ချင်းသမိုင်းပြတိုက်ကြီး စတင်တည်ဆောက်

ချင်းသမိုင်းပြတိုက်ကြီး စတင်တည်ဆောက်

လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်မည့် ချင်းသမိုင်း၊ ရိုးရာပစ္စည်းနှင့် ချင်းလူမျိုးများနဲ့သက်ဆိုင်သောအရာများထားရှိမည့် ချင်းသမိုင်းပြတိုက်ကြီးအား စတင်တည်ဆောက်နေပြီဟု သိရသည်။

ဖလမ်းမြို့အနီး လိုင်းလွန်ဂူဘေးတွင် တည်ရှိမည့် ချင်းသမိုင်းပြတိုက်ကြီးအား ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်နေ့တွင် အုတ်မြစ်ချအခမ်းအနားကိုပြုလုပ်ခဲ့ပြီး GCO (Global Chin (Falam) Organization) အဖွဲ့မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်ကျင်းပမည့် ဒုတိယအကြိမ် ဖလမ်းမြို့ ဌာနေပြန်နှစ်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။

ချင်းသမိုင်းပြတိုက်ကြီးတည်ဆောက်ရန် ကုန်ကျစရိတ်များကို GCO ဦးဆောင်မှုဖြင့် ကမ္ဘာတစ်ဝန်းရှိ ချင်းလူမျိုးများထံ အလှူငွေများကောက်ခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း GCO အဖွဲ့မှ EC အဖွဲ့ဝင် Pu Van Neih Cem က ပြောသည်။

“လောလောဆယ် ကုန်ကျစရိတ်ကို သိန်း (၃၀၀၀) ရာထားတယ်။ ဒါပေမယ့် သုံးထပ်တည်ဆောက်မယ်ဆိုရင် သိန်း (၅၀၀၀) လောက် လိုမှာဖြစ်တယ်။ အဲဒီလိုအပ်တဲ့ ငွေရေးကြေးရေးကို ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ ချင်းလူမျိုးထံ အလှူကောက်ခံကြတာဖြစ်တယ်” လို့ ပြောသည်။

GCO (Global Chin (Falam) Organization) ကို ၂၀၁၇ ခုနှစ် ဖလမ်းမြို့ဌာနေပြန်နှစ်တွင် စတင်ဖွဲ့စည်းပြီး ၎င်းအဖွဲ့က သိန်း (၅၀၀) မတည်ကာ ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...