မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့် ပုံမှန်လည်ပတ်

မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့် ပုံမှန်လည်ပတ်

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှတဆင့် တဖက်မီဇိုရမ်ပြည်နယ်သို့ မြန်မာ ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို မေလ ၂၄ ရက်နေ့ကစပြီး ပုံမှန်ပြန်လည် လည်ပတ်နေပြီဟု သိရသည်။

မီဇိုရမ်ပြည်နယ်သို့တင်ပို့သော မြန်မာကုန်ပစ္စည်းအများကို Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့က ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့ကစပြီး အိုက်ဇောလ်မြို့အဝင် Zemabawk တွင် စတင်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က Import-Export Code Holder Association Mizoram (IEC) နှင့် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သည်အဖွဲ့အသီးသီးတို့ Champhai, Tourist Lodge တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မေလ ၂၄ ရက်နေ့ကစပြီး ယခုလို မြန်မာကုန်ပစ္စည်းများ မီဇိုရမ်ပြည်သို့ ပုံမှန်ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်အမျိုးသမီး တစ်ဦးက ပြောသည်။

“ကုန်သည်တွေအနေနဲ့ မလိုချင်တဲ့ကိစ္စများကို IEC ထံ တင်ပြကြတယ်။ အဲလို ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်မနစ်နာအောင် သဘောတူညီလို့ ယခုလို မေလ ၂၄ ရက်နေ့က အတည်ပြု ပြန်ဖွင့်ခဲ့ခြင်းဖြစ်တယ်။ အရင်လို ပုံမှန်သွားလာလို့ရနေပြီ” လို့ ပြောသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ကုန်သည်များ၏အခက်အခဲများ တင်ပြဆွေးနွေးခဲ့ကြသည့်အပြင်၊ နယ်စပ် Mualkawi ကျေးရွာ၌ ကုန်တင်ကုန်ချမှုကို ပပျောက်ရေး၊ ကုန်သည်များပေးဆောင်ရသည့် အခွန်အမျိုးမျိုး ပပျောက်ရေးနှင့် လျော့ချရေးကို သဘောတူညီ ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လကစပြီး အိန္ဒိယ-မြန်မာအမှတ် (၂) ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှတဆင့် တဖက်မီဇိုရမ် ပြည်နယ်သို့ မြန်မာ ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို မကြာခဏ ပိတ်ပြင်ထားသောကြောင့် မြန်မာကုန်သည်များအပြင် ကုန်တင်ကုန်ချ အလုပ်သမားများ အခက်တွေ့နေရကြောင်း သိရပြီး ယခုတခါ မြန်မာကုန်သည်များအနေဖြင့် အဆင်ပြေသွား မည်ဟု မျော်လင့်ပြီး ကုန်တင်ကုန်ချအလုပ်သမားများလည်း ပုံမှန်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြရပြီဖြစ်ကြောင်း သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...