မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့် ပုံမှန်လည်ပတ်

မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့် ပုံမှန်လည်ပတ်

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှတဆင့် တဖက်မီဇိုရမ်ပြည်နယ်သို့ မြန်မာ ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို မေလ ၂၄ ရက်နေ့ကစပြီး ပုံမှန်ပြန်လည် လည်ပတ်နေပြီဟု သိရသည်။

မီဇိုရမ်ပြည်နယ်သို့တင်ပို့သော မြန်မာကုန်ပစ္စည်းအများကို Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့က ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့ကစပြီး အိုက်ဇောလ်မြို့အဝင် Zemabawk တွင် စတင်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က Import-Export Code Holder Association Mizoram (IEC) နှင့် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သည်အဖွဲ့အသီးသီးတို့ Champhai, Tourist Lodge တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မေလ ၂၄ ရက်နေ့ကစပြီး ယခုလို မြန်မာကုန်ပစ္စည်းများ မီဇိုရမ်ပြည်သို့ ပုံမှန်ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်အမျိုးသမီး တစ်ဦးက ပြောသည်။

“ကုန်သည်တွေအနေနဲ့ မလိုချင်တဲ့ကိစ္စများကို IEC ထံ တင်ပြကြတယ်။ အဲလို ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်မနစ်နာအောင် သဘောတူညီလို့ ယခုလို မေလ ၂၄ ရက်နေ့က အတည်ပြု ပြန်ဖွင့်ခဲ့ခြင်းဖြစ်တယ်။ အရင်လို ပုံမှန်သွားလာလို့ရနေပြီ” လို့ ပြောသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ကုန်သည်များ၏အခက်အခဲများ တင်ပြဆွေးနွေးခဲ့ကြသည့်အပြင်၊ နယ်စပ် Mualkawi ကျေးရွာ၌ ကုန်တင်ကုန်ချမှုကို ပပျောက်ရေး၊ ကုန်သည်များပေးဆောင်ရသည့် အခွန်အမျိုးမျိုး ပပျောက်ရေးနှင့် လျော့ချရေးကို သဘောတူညီ ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လကစပြီး အိန္ဒိယ-မြန်မာအမှတ် (၂) ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှတဆင့် တဖက်မီဇိုရမ် ပြည်နယ်သို့ မြန်မာ ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို မကြာခဏ ပိတ်ပြင်ထားသောကြောင့် မြန်မာကုန်သည်များအပြင် ကုန်တင်ကုန်ချ အလုပ်သမားများ အခက်တွေ့နေရကြောင်း သိရပြီး ယခုတခါ မြန်မာကုန်သည်များအနေဖြင့် အဆင်ပြေသွား မည်ဟု မျော်လင့်ပြီး ကုန်တင်ကုန်ချအလုပ်သမားများလည်း ပုံမှန်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြရပြီဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...