အိန္ဒိယတွင် UN ကဒ်အသစ်ထုတ်ပြီးသူ ချင်းဒုက္ခသည် ၂၈၀၀ ကျော်ရှိပြီ

အိန္ဒိယတွင် UN ကဒ်အသစ်ထုတ်ပြီးသူ ချင်းဒုက္ခသည် ၂၈၀၀ ကျော်ရှိပြီ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေကြသည့် ချင်းဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က UN အသိမှတ်ပြုကဒ်များ ပြန်လည်ထုတ်ပေးလျက်ရှိရာ ယခုအခါ ချင်းဒုက္ခသည် (၂၈၀၀) ကျော်ကို ကဒ်ထုတ်ပေးပြီဟုသိရသည်။

နယူးဒေလီအခြေစိုက် Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က “UN ကဒ်အသစ်ကို ချင်းလူမျိုးဒုက္ခသည် ၂၈၀၀ ကျော်က ထုတ်ပြီးပြီ၊ အခု ထုတ်ပေးသွားတဲ့ ၂၈၀၀ ကျော်ဟာ အရင်တုန်းက UN ကဒ် ရပြီးသားသူတွေ၊ notification အင်တာဗျူး ဖြေဆိုတဲ့သူတွေ ဖြစ်တယ်။” ဟု ပြောသည်။

အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် UN ကဒ်ကို အချိန်မှီ renew မလုပ်ထားသူများနှင့် UN ကဒ်အသစ် လျောက်ထားလိုသူများအတွက် ၎င်းတို့၏ case (အမှု) အခြေအနေများကို သေချာစစ်ဆေးပြီးတော့မှသာ ထုတ်ပေးသင့် မသင့် UN ဘက်က ဆုံးဖြတ်သွားမှာဖြစ်သည်ဟု Salai Cung Dawt က ယခုလို ဆက်ပြောသည်။

“UN ကဒ် အသစ်လျောက်ထားတဲ့သူတွေအနေနဲ့ ပေါ်လစီရေးစွဲနေတုန်းဖြစ်တော့ ပေါ်လစီချမှတ်ထားတာမရှိသေးဘူး။ ဒါကြောင့် ချင်းလူမျိုးများကို ဆက်လက်ကြည့်ရှုမည်ဆိုတာနှင့် ချင်းလူမျိုးအားလုံးကို UN ကဒ် ထုတ်ပေးသွားမှာ မဟုတ်ဘူး။ တကယ်လို့ UN ကဒ် အသစ်လျောက်ရင် သူတို့၏ case အခြေအနေကို သေချာလေ့လာပြီးမှဘဲ ပေးသင့်မပေးသင့် ဆုံးဖြတ်သွားမှာဖြစ်တယ်” ဟု သူကဆက်ပြောသည်။

ယခုထုတ်ပေးသည့် UN ကဒ်အသစ်၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဧပြီလအထိဖြစ်ပြီး ယခု UN ကဒ် ရှိခြင်းအားဖြင့် လက်ရှိ မိမိနေထိုင်သည့် နိုင်ငံတွင် နေထိုင်ခွင့်ရသည့် သဘောသာဖြစ်ပြီး ယင်းကဒ်ရှိခြင်းအားဖြင့် ထူးထူးခြားခြား အခွင့်အရေး ပိုရရှိ သွားတာမျိုးမရှိကြောင်း သိရသည်။

ယခုလက်ရှိအခြေအနေတွင် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ UN ကဒ် ထုတ်ခွင့်ရှိသူ လူဦးရေ (၃၀၀၀) ခန့်လောက်ရှိမည်ဟု သိရပြီး ယခုတွင် အကုန်လုံးနီးပါး ထုတ်ပြီးနေပြီဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...