မီဇိုရမ်ပြည်နယ်သို့ တရားမဝင်သည့် နည်းလမ်းဖြင့် ကုန်သွယ်မှုကို ကြပ်မတ်ဆောင်ရွက်မည်

မီဇိုရမ်ပြည်နယ်သို့ တရားမဝင်သည့် နည်းလမ်းဖြင့် ကုန်သွယ်မှုကို ကြပ်မတ်ဆောင်ရွက်မည်

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ရိခေါဒါရ်မြို့မှတဆင့် တဖက် မီဇိုရမ်ပြည်နယ်သို့ တင်ပို့သော ကုန်ပစ္စည်းအများစုသည် ကုန်သွယ်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ကုန်သွယ်သည့်နည်းလမ်းဖြင့် လုပ်ဆောင်နေကြသည်ဟုဆိုကာ မီဇိုရမ်အခြေစိုက် Importer & Exporter Code Holder Association of Mizoram အဖွဲ့မှ စတင်ကြပ်မတ်တော့မည်ဟု သိရသည်။

Importer & Exporter Code Holder Association of Mizoram အဖွဲ့မှ ဧပြီလ ၂၄ ရက်နေ့က အိုင်ဇောလ်မြို့တွင် သတင်းရှင်းလင်းပွဲပြုလုပ်ပြီး မီဇိုရမ်သို့ ကုန်ပစ္စည်းတင်သွင်းကြသည့် ကုန်သည်အများစုသည် အိန္ဒိယအစိုးရ အသိအမှတ်ပြု သွင်းကုန်ထုတ်ကုန်လိုင်စင်မရှိကြသည့်အပြင် အစိုးရထံ၌လည်း စနစ်တကျအခွန်ပေးဆောင်မှုမရှိအတွက် နစ်နာမှုရှိသည်ဟု ၎င်းတို့၏အဖွဲ့ခေါင်းဆောင် R. Lalruatfela ကပြောသည်။

“ ရိ-ဇိုခေါထာရ်ကတဆင့် ကုန်သွယ်မှုဟာ တစ်လတစ်လ သန်းနဲ့ချီရှိတယ်၊ ဒါပေမယ့် အစိုးရဆီမှာ စနစ်တကျ အခွန်ပေးဆောင်မှုမရှိကြဘူး ဒါကြောင့် အစိုးရအနေနဲ့ လစဉ် ရူပီသန်းနဲ့ချီဆုံးရှုံးနေရတယ် ဒါတွေကို အဆုံးသတ်ဖို့ မီဇိုရမ်ကို ဝင်ရောက်လာတဲ့ ကုန်တင်ကားအဝင်အထွက်အားလုံးကို ကြပ်မတ်တော့မှာဖြစ်တယ်’’ ဟု သူကပြောသည်။

မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်း ၇၀ ရာခိုင်နှုန်းခန့်သည် အစိုးရထံ အခွန်ပေးဆောင်ခြင်းမရှိကြကြောင်း သူကဆက်ပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်ပစ္စည်းတင်ပို့သော မြန်မာ ကုန်သည်အ များစုမှာ မီဇိုရမ်အစိုးရအသိအမှတ်ပြု ကုန်သည်လိုင်စင်မရှိသူများဖြစ်သည့်အပြင် နယ်စပ်ဂိတ်တွင်လည်း တရားဝင် ကုန်သွယ်မှုမျိုးမရှိဘဲ ပြေလည်သဘောမျိုးဖြင့် သွားလာသည့်ကိစ္စများကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ချင်သ ည့်သဘော ဖြစ်နိုင်သည်ဟု ချင်းအမျိုးသမီးကုန်သည်တစ်ဦးက ပြောသည်။

“နယ်စပ်မှာ ကုန်ပစ္စည်းတွေတင်သွင်းတာ တရားဝင်မဟုတ်ဘူး။ ပြေလည်သဘောမျိုးဖြစ်တယ်။ တရားဝင်ဖြစ်ဖို့ဆိုရင် အစိုးရ အသိအမှတ်ပြု လိုင်စင်ရှိဖို့လိုတယ်။ မြန်မာပြည်ဘက်က ကုန်သည်အားလုံးနီးပါ အဲဒီလိုင်စင်မရှိဘူး။ သူတို့ေ ပြာတဲ့အတိုင်းဖြစ်ဖို့ ဆိုရင် လိုင်စင်ရှိဖို့လိုတယ်။ အဲဒါကို ထိန်းချုပ်ချင်နေတဲ့သဘောဖြစ်မယ်ထင်တယ်။” ဟု အဆိုပါကုန်သည်က ပြောသည်။

အကယ်၍ Importer & Exporter Code Holder Association of Mizoram အဖွဲ့အနေဖြင့် ယင်းကိစ္စကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်လာပါက မြန်မာကုန်သည်များအတွက် အထိနာနိုင်ကြောင်း ယခုလို ဆက်ပြောသည်။

“သူတို့ပြောတဲ့အတိုင်းဆိုရင်၊ ကျမတို့ ကုန်သည်အများစု အထိနာမှာဖြစ်တယ်။ ဒီလုပ်ငန်းကို လုပ်လို့မရတော့တဲ့ အနေအထား ဖြစ်တယ်။ အခြေအနေ စောင့်ကြည့်ရုံကလွဲပြီး ဘာမှမစဉ်းစားတတ်တော့ဘူး။” ဟု သူကဆက်ပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...