ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော အမျိူးသမီး ၈ ဦး မီဇိုရမ်တွင် ဖမ်းမိ

ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော အမျိူးသမီး ၈ ဦး မီဇိုရမ်တွင် ဖမ်းမိ

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်သို့ အထောက်အထားတခုမှမပါပဲ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသည့် မူစလင်အမျိူးသမီး (၈) ဦးကို မီဇိုရမ်ပြည်နယ် Vairengte ရဲစစ်ဆေးရေးဂိတ်တွင် ဧပြီလ ၂၅ ရက်နေ့က ဖမ်းမိသည်ဟု သိရသည်။

အဆိုပါအမျိူးသမီး (၈) ဦးတို့သည် ဘင်္ဂလားဒေရှ့်နိုင်ငံ Sabulara ဒေသ Kutupalong ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ရိုဟင်ဂျာ မူစလင် အမျိုးသမီး များဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့က ဈေးဝယ်ထွက်စဉ် အမည်မသိသူများက ခေါ်ဆောင်ကာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့သို့ ပို့ဆောင်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

ထို့နောက် Silchar မြို့မှ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ Somu လိုင်းကားဖြင့် တဆင့်ပြန်လည်ပို့ဆောင်သည့်အချိန် နယ်စပ်မြို့ Vairengte ရဲစစ်ဆေးဂိတ်တွင်အဖမ်းခံရခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။

၎င်းတို့ကို တင်ဆောင်လာသော Sumo ကားသမား၏ထွက်ဆိုချက်အရ လူတစ်ဦးမှ အဆိုပါအမျိူးသမီး (၈) ဦးကို အိုင်ဇောလ်မြို့အထိ ပို့ဆောင်ရန် ကားဂိတ်သို့လာထားကြောင်း၊ အိုင်ဇောလ်မြို့အထွက်ဘက် Zemabawk ရပ်ကွက် ဓာတ်ဆီဆိုင်တွင် လာရောက်ခေါ်ယူကြမည်ဟု ပြောဆိုသည်ဟု သိရသည်။ ၎င်းတို့သည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှတဆင့် ချင်းပြည်နယ်ကိုဖြတ်သန်းပြီး မြန်မာပြည်မဘက်ကို သွားရောက်မည်ဟု ယူဆကြသည်။

အဆိုပါအမျိူးသမီး (၈) ဦးသည် အသက် (၁၈) နှစ်မှ (၂၂) အကြားရှိကြပြီး မီဇိုရမ်တရားရုံးက ဒဏ်ငွေ ရူပီး (၅၀) စီပေးဆောင်ခိုင်းပြီး ယနေ့တွင် အာသံပြည်နယ် Bagha ကျေးရွာရှိ မူစလင်ခေါင်းဆောင်များထံ ပြန်လည်အပ်နှံကြမည်ဟု သိရသည်။ (Photo - Kolasib Aw)

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...