လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအတွက် ချင်းပြည်နယ်ကို ကျပ်သန်း တစ်ထောင်ကျော်ထောက်ပံ့

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအတွက် ချင်းပြည်နယ်ကို ကျပ်သန်း တစ်ထောင်ကျော်ထောက်ပံ့

By လားနွန် – ချင်းပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျပ်သန်း (၁၀၀၀) ကျော် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး (လူ/ကယ်/ပြန်) ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်သို့ရောက်ရှိလာပြီး ဧပြီလ ၂၀ ရက်နေ့က ဟားခါးမြို့တော်ခန်းမတွင် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်ကာ ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် (၂) နှစ်အောက် ကလေးငယ်များ၊ မသန်စွမ်းသူများ၊ ပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဌာနမှ ယခုနှစ်ထောက်ပံ့မှုတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းပါဝင်လာသည့်အတွက် ပြည်သူများအတွက် ဝမ်းသာစရာသတင်းကောင်းဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

“အဓိကအသစ်ဘာရှိလဲဆိုရင် မသန်စွမ်းသူများထောက်ပံ့ဖို့ ပါလာတယ် မသန်စွမ်းထောက်ပံ့ဖို့ လူမှုကာကွယ်စောင့်ရှောက်ရေး (၈) ခုရှိတဲ့အထဲမှာဒီနှစ်မှာ စပြီးတော့ အဓိက မသန်စွမ်းထောက်ပံ့ဖို့ ပြည်သူ့အတွက်ပေါ့ ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာတော့ပြောပါတယ် ဒီမသန်စွမ်းကလည်း ခဏခဏဆွေးနွေးပြီးတော့ တင်ပြတဲ့အရာဖြစ်တယ် ချင်းပြည်နယ်က ရာခိုင်နှုန်းအားဖြင့် မသန်စွမ်းအများဆုံးပိုင်းမှာပါတယ်လေ အဲဒါကလည်း ဒီနှစ်မှာ စပြီးတော့ ထောက်ပံ့နိုင်တဲ့အနေအထားဖြစ်တယ် ကျွန်တော်တို့ ချင်းပြည်နယ်အတွက် တစ်နိုင်ငံလုံးအတွက်ပါ လူမှုကာကွယ်စောင့်ရှောက်ရေးမှ အသစ်တစ်ခုထပ်တိုးတဲ့အရာဖြစ်တယ် ပြည်သူအတွက် ဝမ်းသားစရာဖြစ်တယ်” ဟု ဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

(လူ/ကယ်/ပြန်) ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် စီမံချက်များရေးဆွဲချမှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သာတူညီမျှခံစားရရှိအောင် ဆောင်ရွက်ရာတွင် ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ ဖွံ့ဖြိုးမှုနိမ့်ကျသောဒေသများကို ဦးစားပေးအဆင့်များအလိုက် စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုပါထောက်ပံ့ငွေအပ်သည့်အခမ်းအနားတွင် ပြောဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် (၂) နှစ်အောက်ကလေးငယ် (၃၀၁၇၇) ဦးအတွက် ထောက်ပံ့ငွေကျပ် (၈၈၉.၇၆) သန်း၊ မသန်စွမ်းသူ (၂၆၉၁) ဦးအတွက် ထောက်ပံ့ငွေကျပ် (၈၀.၇၃) သန်း၊ မိခင်ဝိုင်း (၅) ဝိုင်းဖွင့်လှစ်ရန် ထောက်ပံ့ငွေကျပ် (၃.၅၃) သန်း၊ ပရဟိတဂေဟာ (၁၃) ခုအတွက်ထောက်ပံ့ငွေကျပ် (၄၃.၃၆) သန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်ကြိုကျောင်းများအတွက် ထောက်ပံ့ငွေကျပ် (၂၄.၇) သန်းနှင့် လူငယ်ရိပ်သာ (၁၁) ခုအတွက် ထောက်ပံ့ငွေကျပ် (၁၁) သိန်း စုစုပေါင်း ကျပ်သန်းပေါင်း (၁၀၄၃.၁၈) ကို အသီးသီးထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...