ချင်းလွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း၏ ရာထူးမှ ရပ်နားခွင့်တင်ပြခြင်းကို လွှတ်တော်မှ အတည်ပြု

ချင်းလွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း၏ ရာထူးမှ ရပ်နားခွင့်တင်ပြခြင်းကို လွှတ်တော်မှ အတည်ပြု

ချင်းပြည်နယ် လွှတ်တော်ဒု - ဥက္ကဌဖြစ်သည့် ဦးအောင်သန်း၏ ဒု - ဥက္ကဌ တာဝန်ရပ်နား ခွင့်တင် ပြခြင်းကို ဒုတိယအကြိမ် ချင်းပြည် နယ် လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြု ခဲ့ကြောင်းသိရသည်။

မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် လျန်က “အခုလွှတ်တော် အစည်းအဝေးမှာ ဦးအောင်သန်းကိစ္စကို ဆွေးနွေးဖို့ လည်းပါတယ်။ ဦးအောင်သန်းကတော့ တရားဝင် နှုတ်ထွက်စာတင်တယ်၊ သူ့ရဲ့သဘောဆန္ဒအရ တရားဝင်နှုတ်ထွက်စာတင်တယ်။ အစည်းဝေးပြီးမှဘဲ ဘာတွေဆုံးဖြက်ချက်တွေ ချလာမယ်ဆိုတာတော့ လောလောဆယ်မသိရသေးဘူး”ဟု သိရသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိသလို အတိုင်ကြားခံရသည်ဟု ယူဆရပြီး၊ သို့သော်လည်း အဆိုပါတိုင်ကြားမှုကို ဖြေရှင်းခွင့်ရရှိနိုင်ရန် မည်သည့်တိုင်ကြားစာမှ မိမိထံသို့ မရောက်ကြောင်းအစောပိုင်းက ဦးအောင်သန်းမှ မီဒီယာများထံဖြေကြားခဲ့သည်။

ဦးအောင်သန်းကို လွှတ်တော်ဒုဥက္ကဌရာထူးမှ နှုတ်ထွတ်ရန် NLD ပါတီဗဟိုမှ ဒုဥက္ကဌ - ၂ဒေါက်တာ ဇော်မြင့်မောင်မှ ဖေဖော်ဝါရီလ ၁၇ ရက်စွဲဖြင့် လက်မှတ်ရေးထိုးပြီး ရာထူးမှ နှုတ်ထွက်ရန် နောက်ဆုံးအသိပေးစာပေးပို့ခဲ့သည်။

(၁၇)ကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးကို မတ်လ ၂၈ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဦးအောင်သန်းသည် တရားဝင်နှုတ်ထွက်စာတင်ခဲ့ပြီး အဆိုပါ တင်ပြခြင်းကို ချင်းပြည်နယ် လွှတ်တော်မှ အတည်ပြုလိုက် သကဲ့သို့ ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စရပ်များ၊ မြို့အဖြစ် တိုးမြှင့်မည့်ကျေးရွာကိစ္စများ မေးခွန်းမေးမြန်းခြင်းများကိုဆွေးနွေး ခဲ့ကြောင်းသိရသည်။

မတ်လ ၂၈ ရက်နေ့မှစပြီး အဆောက်အဦးအသစ်ဖြစ်သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပထမဆုံး အစည်းအဝေးကျင်းပခြင်းလည်းဖြစ်ပြီး အဆိုပါအစည်းအဝေးကို လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂) ဦးတတ်ရောက်ကြသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...