ချင်းပြည်နယ် လွှတ်တော်ဒု ဥက္ကဌ ဦးအောင်သန်း ရာထူးမှနှုတ်ထွက်

ချင်းပြည်နယ် လွှတ်တော်ဒု ဥက္ကဌ ဦးအောင်သန်း ရာထူးမှနှုတ်ထွက်

ချင်းပြည်နယ် လွှတ်တော်ဒု ဥက္ကဌ ဦးအောင်သန်းသည် မတ်လ (၂၈) နေ့က ကျင်းပပြုလုပ်သော ချင်းပြည်နယ် လွှတ်တော်(၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့တွင် နှုတ်ထွက်စာတင်ပြီး ရာထူးမှနှုတ်ထွက်သွားပြီဟု သိရသည်။

ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်အဆောက်အဦးသစ်တွင် ကျင်းပပြုလုပ်သော အဆိုပါလွှတ်တော် အစည်းအဝေးတွင် ဦးအောင်သန်း၏ ဒု ဥက္ကဌတာဝန်မှ ရပ်နားခွင့် တင်ပြခြင်းကို ချင်းပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းကြေညာခဲ့သည်ဟု ထန်တလန်မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ကပြောသည်။

“သူကိုယ်တိုင်လာမတင်ဘူး သူကိုယ်တိုင်လည်းမရှိဘူး သူကလူကြုံနှင့်ပါးတယ်ထင်တယ်၊ အစည်းအဝေးက လာမယ့်အပတ်တွင်းမှာပဲ ပြန်လုပ်ရမယ် ဒီအတွင်းမှာပဲပြန်ရွေးရမယ်ထင်တယ် တခြားဘာမှ ကြေညာတာလည်းမရှိသေးဘူး” ဟု ဒေါက်တာမှုထန်ကပြောသည်။

ဦးအောင်သန်းကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့နောက်ဆုံးထားပြီး ရာထူးမှနှုတ်ထွက်ရန်နှင့် နှုတ်ထွက်ခြင်းမပြုပါက လွှတ်တေ်ာအတွင်း ပြစ်တင်ရှုတ်ချ နှုတ်ထွက်စေမည်ဟု (NLD) ပါတီ ဒု-ဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့က နောက်ဆုံးအကြိမ် သတိပေးခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးအောင်သန်းအနေဖြင့် NLD ပါတီဗဟိုထံသို့ ပြန်လည်ရှင်းလင်းခွင့်တောင်းဆိုထား ကြောင်းပြောဆိုခဲ့သော်လည်း မတ်လ (၂၈) ရက်နေ့တွင် တာဝန်မှ ရပ်နှားရန် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...