မီဇိုရမ်သို့ ကုန်ပစ္စည်းတင်ပို့မှု ရက်အကန့်အသတ်မရှိ ပိတ်ပင်

မီဇိုရမ်သို့ ကုန်ပစ္စည်းတင်ပို့မှု ရက်အကန့်အသတ်မရှိ ပိတ်ပင်

အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ - ဇိုခေါထာရ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းတင်ပို့မှုကို ကျန်ဖိုင်ကားလိုင်းအသင်းမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။

မီဇိုရမ်ပြည်နယ် ဇိုးခေါထာရ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့နှင့် ကျမ်ဖိုင်း ကုန်စည်ပို့ဆောင်ရေး ကားလိုင်းအသင်းတို့အကြား ကုန်ပစ္စည်းသယ်ယူရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေသည့်အတွက် နယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းဘက် သို့ ကုန်ပစ္စည်းတင်ပို့မှုကို မတ်လ ၂၆ ရက်နေ့ကစတင် ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ Champhai Trade Union လက်အောက်ရှိ All Vehicles Association ကို ဇိုးခေါထာရ် ကုန်စည်ပို့ဆောင်ရေး အသင်းမှ ညှိုနှိုင်းမှုမရှိဘဲ ကာတမ်းအလှည့်ကျစီစဉ်မှု နှင့် ကုန်တင်ခဈေးနှုန်းသတ်မှတ်ခြင်းအပေါ်မကျေနပ်ခြင်းကြောင်း ယခုလို တားမြစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ပူးချန်းလျံနာက ပြောသည်။

“ဇိုးခေါ်ထာရ် ကုန်စည်ပို့ဆောင်ရေး အဖွဲ့နှင့် ကျန်ဖိုင်း ကုန်စည်ပို့ဆောင်ရေးကားအသင်းတို့အကြားပြသာနာ ကြောင့်ပါ။ ဇိုးခေါ်ထာရ် ကုန်စည်ပို့ဆောင်ရေးအသင်းရဲ့ ကာတမ်းအလှည့်ကျစီစဉ်မှုအပေါ် ကျန်ဖိုင်းဖက်ကမကျေနပ်လို့ ခုလို ပိတ်ပင်ရခြင်း ဖြစ်တယ်။” ဟု ပူးချန်းလျံနာကပြောသည်။

ရိ-ဇိုခေါထားနယ်စပ်ကုန်သွယ်ရေးခစန်းသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို ဇိုခေါထားမှ ကျန်ဖိုင်းသို့ ပို့ဆောင် လေ့ရှိပြီး ထိုမှတဆင့် မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇော်နှင့် မြို့နယ်အသီးသီးသို့ ပြန်လည်တင်ပို့လေ့ရှိသည်။ ကျန်ဖိုင်း All Vehicles Association အဖွဲ့က ဇိုခေါထာရ်မှ ကျန်ဖိုင်းမြို့သို့ မည်သည့်ကားမှ အဝင်မခံဘဲ ပိတ်ပင်ခြင်းဖြစ်သည်။

ယခုကဲ့သို့ တားမြတ်ပိတ်ပင်ထားသောကြောင့် ကုန်ပစ္စည်းများစွာ သောင်တင်နေကြောင်း ဇိုးခေါ်ထား ကျေးရွာနေ Lallawmpuia က ပြောသည်။

“ဇိုးခေါထားရ်ကျေးရွာကိုဖြတ်သွားတဲ့ ကုန်တင်ကားမှန်သမျှ၊ ဟင်းသီးဟင်းရွက် သယ်ဆောင်သည့်ကားကအစ ပိတ်ပင်တယ်။ ဒါကြောင့် ဇိုးခေါ်ထားရ်မှာ မြန်မာပြည်ကလာတဲ့ ကုန်ပစ္စည်းများစွာ သောင်တင်နေတယ်။ မြန်မာပြည်ဘက် Tio မှာလည်း အများကြီး သောင်တင်နေတယ်” ဟု သူကပြောသည်။

ဇိုခေါထား နှင့် ကျန်ဖိုင်းပြေးဆွဲသည့် ကုန်ပစ္စည်းတင် ကားလိုင်းအသင်းတို့သည် ကုန်ပစ္စည်းသယ်ယူမှုနှင့်ပတ်သက်၍ အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိပြီး ကုန်ပစ္စည်းသယ်မှုကိုလည်း ပိတ်ပင်လေ့ရှိသည်။

 — .

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...