အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ Guwahati မီးရထားဘူတာရုံတွင် အစိုးရမီးရထားရဲများမှ စစ်ဆေးရေးဝင်စဉ်တွင် ချင်းလူငယ်နှစ်ဦးဖြစ်သည့် Gung Lian Mung (၂၁နှစ်) နှင့် Thang Piang (၁၈)နှစ်တို့ထံမှ အမေရိကန်ဒေါ်လာ ၅၄၀၀၀၀ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းစီးအရေးယူထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ချင်းလူငယ်နှစ်ဦးကို Guwahati ဘူတာရုံရှိ စြင်္ကန်အမှတ် ၂ တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အစိုးရမီးရထားရဲမှ အသက် ၂၁နှစ်ရှိ Gung Lian Mung (ဘ) ဦး Sing Do Lium ထံမှ လက်ပူးလက်ကြပ်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူထဲမှ အခြားတစ်ဦးမှာ အသက် ၁၉နှစ်ရှိ Thang Piang (ဘ) Dim Cinh ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို အကောက်ခွန်ဦးစီးဌာနမှ ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။







