အိန္ဒိယနိုင်ငံ Guwahati တွင် ချင်းလူငယ်နှစ်ဦး ဒေါ်လာ ၅၄၀၀၀၀ နှင့်အတူ အဖမ်းခံရ

အိန္ဒိယနိုင်ငံ Guwahati တွင် ချင်းလူငယ်နှစ်ဦး ဒေါ်လာ ၅၄၀၀၀၀ နှင့်အတူ အဖမ်းခံရ

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ Guwahati မီးရထားဘူတာရုံတွင် အစိုးရမီးရထားရဲများမှ စစ်ဆေးရေးဝင်စဉ်တွင် ချင်းလူငယ်နှစ်ဦးဖြစ်သည့် Gung Lian Mung (၂၁နှစ်) နှင့် Thang Piang (၁၈)နှစ်တို့ထံမှ အမေရိကန်ဒေါ်လာ ၅၄၀၀၀၀ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းစီးအရေးယူထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ချင်းလူငယ်နှစ်ဦးကို Guwahati ဘူတာရုံရှိ စြင်္ကန်အမှတ် ၂ တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အစိုးရမီးရထားရဲမှ အသက် ၂၁နှစ်ရှိ Gung Lian Mung (ဘ) ဦး Sing Do Lium ထံမှ လက်ပူးလက်ကြပ်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူထဲမှ အခြားတစ်ဦးမှာ အသက် ၁၉နှစ်ရှိ Thang Piang (ဘ) Dim Cinh ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို အကောက်ခွန်ဦးစီးဌာနမှ ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...