အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များကို UN ကဒ် အသစ်ပြန်ထုတ်ပေးမည်

အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များကို UN ကဒ် အသစ်ပြန်ထုတ်ပေးမည်

ချင်းဒုက္ခသည်များကို နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအား မကြာခင် UN ကဒ် (ဒုက္ခသည်အသိအမှတ်ပြုသည့်ကဒ်) အသစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UNHCR ရုံးတွင် UN တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည်ခေါင်းဆောင်များ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ရာ UN ကဒ်ကို မကြာခင် ထုတ်ပေးသွားမည်ဟုပြောဆိုခဲ့ကြောင်း နယူးဒေလီမြို့မှ Chin Human Right Organization (CHRO) တာဝန်ခံ Salai Cung Dawt က ပြောသည်။

“အရင်က Refugee ကဒ် ကိုင်ထားပြီးသားအားလုံးလူတွေအတွက် ကဒ်ကို ပြင်ဆင်နေတယ်။ တစ်ပတ်နှစ်ပတ်လောက် တော့ ကြာမယ်လို့ပြောတယ်။ တချို့ကိုင်ဆောင်ထားတဲ့ UN ကဒ်သက်တမ်းဟာ ၂၀၁၉ ဇွန်လ၊ ဇူလိုင်လအထိဘဲ ဖြစ်တယ်။ ဒါကြောင့် direct တခါတည်း သက်တမ်းတိုးပေးမယ်။ ၂၀၂၁ ခုနှစ်အထိလို့တော့ပြောတယ်” ဟု Salai Cung Dawt က ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသော UN ကဒ်ရှိသူ ဒုက္ခသည်ပေါင်း ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ချင်းဒုက္ခသည်ကော်မတီများက အရင်က UN လျှောက်ပြီးမှ ဆိုင်းငံ့ခံရသည့် pending case နှင့် ပယ်ချခံရသည့် reject case များကို ပြန်လည်လမ်းဖွင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း UNHCR မှ ကြေညာချက် မထုတ်ပြန်ခင်ကပြုလုပ်သောပုံစံအတိုင်း ၎င်းတို့ဒုက္ခသည်တစ်ဦးချင်းစီ၏ case (အခြေအနေ) ကို သေချာပြန်လည် စစ်ဆေးပြီးမည်ဟုတုန့်ပြန်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာခြင်းကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လအစောပိုင်းက ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် ဆိုးရွားလာနေသည့် လုံခြုံရေးအခြေအနေကြောင့် ချင်းဒုက္ခသည် များကို နိုင်ငံတကာက ဆက်လက်ပြီး အကာအကွယ်ပေးရန် လိုအပ်သည်ဟု UNHCR က မတ်လ (၁၄) ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...