ကုမ္ပဏီ (၄) ခုက အမေရိကန်ဒေါ်လာ (၅၄) သန်းခန့် ချင်းပြည်နယ်သို့ ရင်းနှီးမြှုပ်နှံမည်

ကုမ္ပဏီ (၄) ခုက အမေရိကန်ဒေါ်လာ (၅၄) သန်းခန့် ချင်းပြည်နယ်သို့ ရင်းနှီးမြှုပ်နှံမည်

နော်ဝေးကုမ္ပဏီတစ်ခုအပါအဝင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ (၄) ခုက အမေရိကန်ဒေါ်လာ ၅၄ သန်းခန့်ရှိသော ရင်းနှီးမြုပ်နှံမှုကို ချင်းပြည်နယ်သို့ လာရောက်မြုပ်နှံကြမည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ရေးအားလျှပ်စစ်စီမံကိန်း၊ ဟိုတယ်လုပ်ငန်း၊ လယ်ယာထွက်ကုန်နှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း စသည့် ကဏ္ဍ (၄) ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ကြရန် သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ သည် မတ်လ (၁၆) ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲတွင် နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြော သည်။

ရေအားလျှပ်စစ် စီမံကိန်းတွင် နော်ဝေးနိုင်ငံမှ Noway Power Co., Ltd. မှ အမေရိကန်ဒေါ်လာ သန်း (၅၀)၊ ဟိုတယ် လုပ်ငန်းတွင် KL Amazing Co., Ltd. မှ ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံ၊ ပလက်ဝမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတွင် The Khumi Institute မှ ကျပ်ငွေ သုံးဘီလီယံနှင့် လယ်ယာထွက် ကုန်ပစ္စည်းဖြစ်သော ဝဥ၊ ကော်ဖီများတန်ဖိုးမြှင့်ရန် စက်မှု လုပ်ငန်းစီမံကိန်းအတွက် ချင်းပြည်နယ်တောင်သူ လယ်သမားများ စုပေါင်းတည်ထောင်ထားသော ချင်းတောင်ရတနာ ကုမ္ပဏီလီမိတက်မှ အမေရိကန်ဒေါ်လာ တစ်သန်း အသီးသီးရင်းနှီး မြှုပ်နှံကြမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ချင်းပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအား ဝင်ငွေခွန် ကင်းလွတ်ခွင့် (၇) နှစ်အထိ ပေးထားသည်။

ချင်းပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန်ရည်ရွယ်ပြီး ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုန်စည်ပြပွဲ (Chin State Investment and Products Fair 2019) ကို ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် မတ် ၁၆ မှ ၁၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲတွင် ချင်းပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် လုပ်ငန်း အခွင့်အလမ်းများ အပြင် ဒေသထွက်ကုန်များကို ခင်းကျင်းပြသခဲ့ကြသည်။

ယင်းပြပွဲတွင် ပြည်တွင်းပြည်ပကုမ္ပဏီများက စိတ်ဝင်တစား တက်ရောက်ခဲ့ကြပြီး အနာဂတ်ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအတွက် လမ်းပွင့်လာမည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...