ဝဥစိုက်တောင်သူများအတွက် အတိုးမဲ့ချေးငွေရရှိနိုင်ရန် မြေပိုင်ဆိုင်မှုပြရန်လိုအပ်

ဝဥစိုက်တောင်သူများအတွက် အတိုးမဲ့ချေးငွေရရှိနိုင်ရန် မြေပိုင်ဆိုင်မှုပြရန်လိုအပ်

ချင်းပြည်နယ်ရှိ ဝဥစိုက်တောင်သူများအနေဖြင့် အလှူရှင်(ဒိုနာ)များထံမှ အတိုးမဲ့ချေးငွေများရရှိနိုင်ရန် ချင်း တိုင်းရင်းသားတောင်သူလယ်သမားအသင်းဗဟိုမှ စီစဉ်ဆောင်ရွက်နေပြီး သို့သော်လည်း ဝဥစိုက်တောင်သူ များ မြေပိုင်ဆိုင်မှုပြရန်လိုအပ်သည်ဟု အသင်းဥက္ကဌကပြောသည်။

“စိုက်ပျိုးသူအသင်းသားတွေရဲ့ စရင်းတွေအတိအကျရပြီးရင် ဒီဘက်ကဒိုနာကနေပြီးတော့ ညှိနှိုင်းပြီးမြေပိုင်မှု လုပ်ပြီးရင်တော့ ချေးငွေကချေးလို့ရမှာ အခုကျွန်တော် (၇) မြို့နယ်သွားတာက မြေပိုင်ဆိုင်မှုတွေသွားလုပ်ခိုင်း တာ ဘိုးဘွားပိုင်လို့အော်နေပြီးတော့ ကျွန်တော်တို့တွေက ပိုင်ဆိုင်မှု မရှိတဲ့အခါကြတော့ ဒိုနာတွေက လာရင်လည်း ပိုင်ဆိုင်မှုမရှိတော့ မချေးရဲဘူးပေါ့ဗျာ အဲလိုဖြစ်တဲ့အခါကျတော့ ဘာတွေဖြစ်ကုန်လဲဆိုတော့ ပိုင်ဆိုင်မှုမရှိရင်ချေးငွေဆိုတာမရနိုင်ဘူး ဘယ်သူမှလည်းမချေးရဲကြဘူးအဲဒါကြောင့် ပိုင်ဆိုင်မှုတွေကိုလုပ် ဖို့လိုပါတယ်” ဟု ချင်းတိုင်းရင်းသားတောင်သူ လယ်သမားအသင်းဗဟိုဥက္ကဌဦးစန်းမြင့်အောင်ကပြောသည်။

ချင်းပြည်နယ်အတွင်းဝဥစိုက်ပျိုးသူများအတွက် နစ်နာဆုံးရှုံးမှုများမရှိအောင် ချင်းတိုင်းရင်းသားတောင်သူလယ်သမားအသင်းမှ ဝဥများကြိုတင်ငွေပေးဝယ်ယူထားပြီး ကိုးရီးယားနိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်းဥက္ကဌကဆက်ပြောသည်။

“ပြန်ဝယ်ပေးမယ့်သူကရှာထားပြီးပြီတွေ့ထားပြီးပြီကိုးရီးယားနဲ့ ဝယ်ပေးမယ့်သူတွေ့ပြီးပြီ အခုလည်းကိုယ်စားလှယ်တရုတ်တွေကလာပြီးတော့မှ ကြိုတင်ငွေတွေပေးနေကြတာလေ အခုလည်းတောင်ပိုင်းမှာဆိုရင် ကြိုတင်ငွေတွေရော ဝဥစိုက်ထားတဲ့လူတစ်ယောက်ကို ဘယ်နှဧကစိုက်လဲရော့ငွေလိုသလောက် ကြိုတင်ငွေပေး ပြီးရင် အားလုံးငါ့ဆီပြန်ရောင်းဆိုပြီးလုပ်နေကြတာလေ ဒါပေမယ့် အဲဒါကြတော့ တောင်သူတွေနစ်နာကြတာလေ ကျွန်တော်တို့ကျတော့ ကြိုတင်ငွေအခုထုတ်ပေးလိုက်မယ် နောက်မှ သူယူထားတဲ့ငွေကိုနုတ်ပြီးတော့ ကျန်တဲ့ငွေကိုပြန်ပေးမယ်ပေါ့” ဟုဥက္ကဌကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...