ချင်းပြည်နယ်၏ ပထမဦးဆုံးသားဖွားသင်တန်းကျောင်း ဟားခါးတွင်တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဦးဆုံးသားဖွားသင်တန်းကျောင်း ဟားခါးတွင်တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဦးဆုံးသားဖွားသင်တန်းကျောင်းကို ဟားခါးမြို့တွင် တည်ဆောက်ရန် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပန္နက်ရိုက်အခမ်းအနား ကျင်းပခဲ့ကြသည်။

ဟားခါးမြို့၊ ပညာရေးကောလိပ်အနီးတွင်တည်ဆောက်မည့် သားဖွားသင်တန်းကျောင်းကို ချင်းပြည်နယ်ဝန်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်တို့က ယနေ့နံနက်ပိုင်းက ပန္နက်ရိုက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ချင်းပြည်နယ်က သားဖွားသင်တန်းကျောင်းမရှိတဲ့အတွက် ရန်ကုန်မှာပဲတက်ရတယ်၊ အခု ဒီဟားခါးမှာဖွင့်မယ်ဆိုရင် ကျွန်တော်တို့ အနည်းဆုံး အယောက်တစ်ရာ၊ တစ်ရာနှစ်ဆယ်လောက် တက်နိုင်မယ်၊ ဆိုတော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကလည်း ပိုအားကောင်းလာမယ်၊ သားဖွားဆရာ/ဆရာမတွေ ကျွန်တော်တို့ချင်းပြည်နယ်အတွက် ပိုပြီးအားဖြည့်လာနိုင်မှာ၊ အဲဒါကြောင့် ဒီဟာကတော့ ဒေသအတွက် အကျိုးအမြတ်အများကြီးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်’’ ဟု ပြောသည်။

အဆိုပါသားဖွားသင်တန်းကျောင်းအတွက် ချင်းပြည်နယ်အစိုးရမှ ဘတ်ဂျက် သန်း (၉၇၀) ချပေးထားပြီး အဆောက်အဦး (၂) ခု စာသင်ဆောင်နှင့် ကျောင်းသား/ကျောင်းသူများအဆောင်ကို ယခုနှစ်အတွင်း အပြီးတည်ဆောက်ကာ လာမည့်နှစ်တွင်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း လူမှုရေးဝန်ကြီးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...