နာဂရိုးရာနပန်းပွဲတွင် ချင်းနပန်းသမား Rung Lian Ceu တတိယဆုနှင့် အကောင်းဆုံးနပန်းနည်းပရိယာယ်ဆု ရရှိ

နာဂရိုးရာနပန်းပွဲတွင် ချင်းနပန်းသမား Rung Lian Ceu တတိယဆုနှင့် အကောင်းဆုံးနပန်းနည်းပရိယာယ်ဆု ရရှိ

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် နာဂလဲန်းပြည်နယ်၏ မြို့တော် ကိုဟီးမားတွင် မတ်လ (၇) ရက်နေ့က ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် နာဂရိုးရာနပန်းပွဲပြိုင်ပွဲတွင် ချင်းနပန်းသမား Rung Lian Ceu သည် တတိယဆုနှင့် (The Best Tactic Wrestler) အကောင်းဆုံးနပန်းနည်းပရိယာယ်ဆု ရရှိသည်ဟုသိရသည်။

နာဂရိုးရာ နပန်းပြိုင်ပွဲတွင် အမေရိကန်တွင် နေထိုင်သော ချင်းနပန်းချန်ပီယံ Rung Lian Ceu နှင့် ချင်းနပန်း သမားများ ဖြစ်ကြသော Thawng Tling, Mang Hnin Thang, Tluang Zel Thang နှင့် Hrang Tin Thang တို့ (၅) ဦး ပါဝင်ယှဉ် ပြိုင်ကြသည်။

Rung Lian Ceu သည် semi-final တွင် လက်ရှိချန်ပီယံ Venuzu နှင့်တွေ့ဆုံကာ ရှုံးနိမ့်သွားခဲ့သည်။

တတိယဆုအတွက် နာဂနပန်းသမားတစ်ဦးနှင့် ပြန်လည်ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီး တတိယဆု ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။

တတိယဆုကြေးအဖြစ် အိန္ဒိယရူပီးငွေ တစ်သိန်းနှင့် အကောင်းဆုံးနပန်းနည်းပရိယာယ်ဆုကြေး ရူပီးတစ်သောင်း စုစုပေါင်း ရူပီး တစ်သိန်းတစ်သောင်း (၁၁၀၀၀၀) ရရှိသည်။

The Nagaland Wrestling Association (NWA) အဖွဲ့မှ ကြီးမှူးကျင်းပသည့် The 12th Open Naga Wrestling Meet 2019 (၁၂) ကြိမ်မြောက် နာဂရိုးရာနပန်းပွဲပြိုင်ပွဲတွင် လက်ရှိချန်ပီယံ Venuzu ကို ပြိုင်ဘက် Menuosetuo Yiese အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးသွားခဲ့သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...