နာဂရိုးရာနပန်းပွဲတွင် ချင်းနပန်းသမား Rung Lian Ceu တတိယဆုနှင့် အကောင်းဆုံးနပန်းနည်းပရိယာယ်ဆု ရရှိ

နာဂရိုးရာနပန်းပွဲတွင် ချင်းနပန်းသမား Rung Lian Ceu တတိယဆုနှင့် အကောင်းဆုံးနပန်းနည်းပရိယာယ်ဆု ရရှိ

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် နာဂလဲန်းပြည်နယ်၏ မြို့တော် ကိုဟီးမားတွင် မတ်လ (၇) ရက်နေ့က ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် နာဂရိုးရာနပန်းပွဲပြိုင်ပွဲတွင် ချင်းနပန်းသမား Rung Lian Ceu သည် တတိယဆုနှင့် (The Best Tactic Wrestler) အကောင်းဆုံးနပန်းနည်းပရိယာယ်ဆု ရရှိသည်ဟုသိရသည်။

နာဂရိုးရာ နပန်းပြိုင်ပွဲတွင် အမေရိကန်တွင် နေထိုင်သော ချင်းနပန်းချန်ပီယံ Rung Lian Ceu နှင့် ချင်းနပန်း သမားများ ဖြစ်ကြသော Thawng Tling, Mang Hnin Thang, Tluang Zel Thang နှင့် Hrang Tin Thang တို့ (၅) ဦး ပါဝင်ယှဉ် ပြိုင်ကြသည်။

Rung Lian Ceu သည် semi-final တွင် လက်ရှိချန်ပီယံ Venuzu နှင့်တွေ့ဆုံကာ ရှုံးနိမ့်သွားခဲ့သည်။

တတိယဆုအတွက် နာဂနပန်းသမားတစ်ဦးနှင့် ပြန်လည်ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီး တတိယဆု ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။

တတိယဆုကြေးအဖြစ် အိန္ဒိယရူပီးငွေ တစ်သိန်းနှင့် အကောင်းဆုံးနပန်းနည်းပရိယာယ်ဆုကြေး ရူပီးတစ်သောင်း စုစုပေါင်း ရူပီး တစ်သိန်းတစ်သောင်း (၁၁၀၀၀၀) ရရှိသည်။

The Nagaland Wrestling Association (NWA) အဖွဲ့မှ ကြီးမှူးကျင်းပသည့် The 12th Open Naga Wrestling Meet 2019 (၁၂) ကြိမ်မြောက် နာဂရိုးရာနပန်းပွဲပြိုင်ပွဲတွင် လက်ရှိချန်ပီယံ Venuzu ကို ပြိုင်ဘက် Menuosetuo Yiese အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးသွားခဲ့သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...