တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုစတင် ချင်းပြည်နယ်အနေဖြင့် အောင်ချက်တိုးတက်နိုင်ရန် မိဘများမှလည်း ပံ့ပိုးမှုလိုအပ်နေသေးဟုဆို

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုစတင် ချင်းပြည်နယ်အနေဖြင့် အောင်ချက်တိုးတက်နိုင်ရန် မိဘများမှလည်း ပံ့ပိုးမှုလိုအပ်နေသေးဟုဆို

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ရက်နေ့တွင် စတင်ဖြေဆိုကြပြီး ချင်းပြည်နယ်အနေဖြင့် အောင်ချက်မြင့်မားလာနိုင်ရန် မိဘများမှလည်း သား/သမီး ပညာရေးအတွက် ယခုထက်ပိုမို ဂရုစိုက် ပံပိုးရန်လိုအပ်ကြောင်း ကျူရှင်ဆရာတစ်ဦးထံမှ သိရသည်။

"ကျနော်တို့ ဘော်ဒါဆောင်ရဲ့ အောင်ချက်အနေနဲ့တော့ တစ်ဘာသာဘဲ ဖြေသေးတာဆိုတော့ ပြောလို့မရသေးပါဘူး၊ မေးခွန်းအပေါ်မှာလည်း ထူးထူးခြားခြားပြောဖို့ မရှိပါဘူး၊ မျှမျှတတရှိပါတယ်၊ အောင်ဖို့လည်း အရမ်းမခက်သလို ဂုဏ်ထူးရဖို့လည်း သိပ်မလွယ်ဘူးပေါ့၊ ချင်းပြည်နယ်အနေနဲ့ အောင်ချက်မြင့်မားနိုင်ဖို့ မိဘတွေအပေါ်လည်းမူတည်တယ်လို့ထင်ပါတယ်၊ အခုက သူတို့ သားသမီးကို အဆောင်လာအပ်တယ်၊ ပြီးရင် သူတို့သားသမီးတွေရဲ့ အခြေအနေကိုလာမကြည့်တော့ဘူး၊ တစ်ကယ်က သူတို့သား သမီး စာလိုက်နိုင်လား၊ အရမ်းဆိုးနေလား၊ ဆိုးနေရင်လည်း ဘာလို့ဆိုးနေတာလေ ဆိုတဲ့ဟာတွေကို မိဘတွေအနေနဲ့ ဂရုစိုက်သင့်တယ်လို့ထင်တယ်၊ ခုက ဒီတိုင်းလွှတ်ထားသလိုဖြစ်နေတော့ ပညာရေးပိုင်းမှာ ထိခိုက်တယ်လို့ မြင်တယ်" ဟု ဟားခါးမြို့ရှိ Harmon ဘော်ဒါဆောင်မှ ဆရာဘွေဒေါဒ်မှ ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ချင်းပြည်နယ်မှာ အောင်ချက်ရာနှုန်းအနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှုနှင့် ပတ်သတ်ပြီး ချင်းပြည်နယ် ပညာရေးဝန်ကြီး ပေါင်လွန်မင်းထန်မှ "ဒီနှစ်က တစ်ခြားနှစ်ထက် ထူးထူးခြားခြား စီစဉ်ထားတာမျိုးတော့မရှိဘူး၊ လုံးခြုံရေးတွေလည်း အရင်အတိုင်းဘဲချထားပါတယ်၊ ဒီနှစ်က စာစစ်ဌာနသုံးခုတိုးတယ်၊ အားလုံးပေါင်း သုံးဆယ်ရှိပါတယ်"ဟု ဖြေကြားသည်။

တိုးမြှင့်လိုက်သည့် စာစစ်ဌာနသုံးခုမှာ နှာရိမ်စာစစ်ဌာန၊ ခိုင်ကမ်းစာစစ်ဌာန၊ သီကိရ်းစာစစ်ဌာနတို့ဖြစ်ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဖြေဆိုနိုင်သူဦးရေ ၁၁၁၁၄ရှိပြီး ဖြေဆိုသူဦးရေ၁၀၇၇၈ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် လာရောက်ဖြေဆိုသူ ၈၈.၉၈ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...