နာဂရိုးရာ နပန်းပွဲတွင် ချင်းနပန်းသမား (၅) ဦး ပါဝင်မည်

နာဂရိုးရာ နပန်းပွဲတွင် ချင်းနပန်းသမား (၅) ဦး ပါဝင်မည်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် နာဂလဲန်းပြည်နယ်၏ မြို့တော် ကိုဟီးမားတွင် မတ်လ (၇) ရက်နေ့တွင် ကျင်းပမည့် နာဂရိုးရာ နပန်းပွဲပြိုင်ပွဲတွင် ချင်းလူမျိူးနပန်းသမား (၅) ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

The Nagaland Wrestling Association (NWA) အဖွဲ့မှ ကြီးမှူးကျင်းပသည့် The 12th Open Naga Wrestling Meet 2019 (၁၂) ကြိမ်မြောက် နာဂရိုးရာ နပန်းပွဲပြိုင်ပွဲတွင် အမေရိကန်တွင် နေထိုင်သော ချင်းနပန်းချန်ပီယံ Rung Lian Ceu နှင့်အတူ ချင်းနပန်းသမားများဖြစ်ကြသော Thawng Tling, Mang Hnin Thang, Tluang Zel Thang နှင့် Hrang Tin Thang တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မတ်လ(၇) ရက်နေ့ အိန္ဒိယစံတော်ချိန် (၉) နာရီတွင် စတင်ကျင်းပမည့် ယင်းနပန်းပြိုင်ပွဲတွင် နပန်းသမားအယောက် (၅၉) ပါဝင်ကြမည်ဖြစ်ပြီး ဆုငွေများအဖြစ် ပထမဆုငွေ – ရူပီ ၂သိန်း၊ ဒုတိယဆုငွေ -ရူပီ ၁သိန်းခွဲ၊ တတိယဆုငွေ- ရူပီ ၁သိန်း ဆုချီးမြှင့်ကြမည်ဖြစ်သည်။

ကိုဟီးမားမြို့တော်ကို ရောက်ရှိနေသော ဟားခါးမြို့အခြေစိုက် The Chinland Post အယ်ဒီတာ ဆလိုင်း Holy က “ သူတို့ နာဂလဲန်းပြည်နယ်မှာ နာမည်ရတဲ့ နပန်းသမား(၅၉) ရွေးထားတယ် အဲဒီထဲမှာ ကျနော်တို့ ချင်းနပန်းသမားက(၅) ယောက်ပါတယ်၊ ပြိုင်ပွဲဝင်နပန်းသမားတွေက မဲနှိပ်ကြမယ် ကိုယ်နဲ့ကျတဲ့သူနဲ့ယှဉ်ပြိုင်ရမယ် ရှုံးရင်တော့ တခါတည်းထွက် ရမယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ချင်းနပန်းနှင့် နာဂရိုးရာနပန်းသည် စည်းမျဉ်းစည်းကမ်းကအစ ကွာခြားမှုရှိသည့်အတွက် နာဂနပန်းချန်ပီယံဟောင်း နည်းပြတစ်ယောက်က ချင်းနပန်းသမား (၅) ယောက်ကို နာဂနပန်းပွဲ၏ သဘောသဘာ၀ နှင့် စည်းမျဉ်းစည်းကမ်းများကို ယနေ့သင်ကြားပေးမည်ဟု ဆလိုင်း Holy က ပြောသည်။

အရပ်(၅)ပေ (၈) လက်မရှိပြီး ကိုယ်အလေးချိန်ပေါင်(၂၁၆) ရှိသည့် ချင်းနပန်းချန်ပီယံ Rung Lian Ceu သည် ပြည်တွင်း ပြည်ပ ချင်းနပန်းပြိုင်ပွဲတွင် (၁၁)ကြိမ်ယှဉ်ပြိုင်ပြီး (၉)ကြိမ် ချန်ပီယံဆုရရှိသူ တစ်ယောက်ဖြစ်သည်။

(ဓာတ်ပုံ - The Chinland Post)

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...