ကလေး-ရန်ကုန်ပြေးဆွဲသည့် High Class ကားတိမ်းမှောက် လူ (၈) ဦးသေဆုံး

ကလေး-ရန်ကုန်ပြေးဆွဲသည့် High Class ကားတိမ်းမှောက် လူ (၈) ဦးသေဆုံး

ကလေးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲသော High Class ခရီးသည်တင် ဘစ်ကားတစ်စီးသည် ယနေ့နံနက် (၆) နာရီခန့်က နေပြည်တော်- ရန်ကုန် အမြန်လမ်း မိုင်တိုင် (၇၇) တွင် တိမ်းမှောက်သွားခဲ့ပြီး ခရီးသည် (၈) ဦး သေဆုံး (၂၀) ခန့်ဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။

ကလေးမြို့ နယ်မြေ-၂ ဦးဝင်းထွန်း (၃၈)မောင်းနှင်သည့် အဆိုပါခရီးသည်တင်ယာဉ်သည် မတ်လ (၄) ရက်နေ့ (၁) နာရီက ကလေးမြို့မှ စတင်ထွက်ခွါလာပြီး ရန်ကုန်မြို့မဝင်ခင်တွင် နောက်ယာဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းတန်းအား ဝင်ရောက်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောင်သွားခြင်းဖြစ်သည်ဟု အမြန်လမ်းမကြီးရဲတပ်မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်ပေါ်တွင် ခရီးသည် စုစုပေါင်း (၄၂) ဦးပါရှိသည့်အနက် အမျိူးသား (၆) ဦး နှင့် အမျိူးသမီး (၂) ဦး သေဆုံးသည်ဟုသိရသည်။

အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကိုလျန်တွောင်က “မနက်မိုးမလင်းတလင်း ကျနော်တို့ကလည်းအိပ်ပျော်နေတဲ့ချိန်လေ၊ ကားကတအားခါတော့ ဘေးကိုရိုက်တော့နိုးတယ်၊ ဘယ်ဘက်နှစ်ခါသုံးခါလောက်ရိုက်တော့ မှောက်သွားတာ၊ ကျနော်ကတော့ ဘာမှသိပ်မဖြစ်ဘူး၊ ခေါင်းတော့အရမ်းမူးတယ်၊ မထနိုင်ဘူး၊ ကျတဲ့နေရာမှာ ဒီတိုင်းနေပြီးတော့ နောက်မှ ရဲတွေရောက်လာပြီး မပေးတယ်’’ဟု ခိုနူမ်းသုန်ကိုပြောသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံနေကြသည်ဟု ၎င်းကဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...