တိုင်ကြားခံရမှုဖြစ်နိုင်ကြောင်း၊ သို့သော် ဖြေရှင်းခွင့်ရရှိနိုင်ရန် မည်သည့်တိုင်ကြားစာမှ မိမိဆီမရောက်ကြောင်း ချင်းလွှတ်တော် ဒု - ဥက္ကဌ ပြော

တိုင်ကြားခံရမှုဖြစ်နိုင်ကြောင်း၊ သို့သော် ဖြေရှင်းခွင့်ရရှိနိုင်ရန် မည်သည့်တိုင်ကြားစာမှ မိမိဆီမရောက်ကြောင်း ချင်းလွှတ်တော် ဒု - ဥက္ကဌ ပြော

ချင်းပြည်နယ်လွှတ်တော်ဒု - ဥက္ကဌ ရာထူးမှ နုတ်ထွက်မည့်သတင်း များသည် လာဘ်ပေးလာဘ်ယူကိစ္စနှင့်လုံး၀ သက်ဆိုင်ခြင်းမရှိသလို အတိုင်ကြားခံရသည်ဟု ယူဆကြောင်း၊ သို့သော်လည်း အဆိုပါတိုင်ကြားမှုကို ဖြေရှင်းခွင့်ရရှိနိုင်ရန် မည်သည့်တိုင်ကြားစာမှ မိမိဆီမရောက်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဒု - ဥက္ကဌ ဦးအောင်သန်းကပြောသည်။

ဦးအောင်သန်းက “အဓိကပြောချင်တဲ့အကြောင်းက အခုဖြစ်ပျက်နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကိစ္စနဲ့လုံးဝပတ်သက်မှုမရှိပါဘူး။ ဒီလာဘ်ပေးလာဘ်ယူကိစ္စက ကင်းကင်းရှင်းရှင်းပဲ” ဟုပြောသည်။

လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်များကို ထမ်းဆောင်သည့်နေရာတွင်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ နေရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း ပုဂ္ဂိုလ်အချို့၏ တိုင်ကြားခံရမှုမျိုးဖြစ်နိုင်ကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် မည်သည့်တိုင်ကြားစာမှ မိမိထံမရောက်ကြောင်း ဦးအောင်သန်းကပြောသည်။

ဦးအောင်သန်းက “ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် စာတစ်စောင်မှတောင်မတွေ့ရပါဘူး။ တိုင်စာကိုဖြေရှင်းခွင့်ရတာမျိုး၊ ကျွန်တော့်ကို ဘယ်သူကတိုင်တယ်ဆိုတာ မသိရှိရပါဘူး” ဟုပြောသည်။

NLD ပါတီဗဟိုမှ ဒုဥက္ကဌ - ၂ ဒေါက်တာ ဇော်မြင့်မောင် မှ ဖေဖော်ဝါရီလ ၁၇ ရက်စွဲဖြင့် လက်မှတ်ရေးထိုးပြီး ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌအား ရာထူးမှနှုတ်ထွက်ရန် နောက်ဆုံးအသိပေးစာပေးပို့ခဲ့သည်။

ဦးအောင်သန်းက “ကျန်တာနဲ့ပတ်သက်ပြီး ပါတီနဲ့ပတ်သက်တာဖြစ်တဲ့အတွက် ပြောရမလွယ်သေးပါဘူး။ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့က ပါတီဝင်တွေဆိုတော့ ပါတီအထက်က လမ်းညွှန်မှုကို လိုက်နာရမယ်ဆိုတာမျိုးကတော့ ရှိပြီးသားပေါ့” ဟုပြောသည်။

ဦးအောင်သန်းသည် ၁၉၉၀ ခုနှစ်ကတည်းက အဲန်အယ်ဒီပါတီဝင် အမာခံဖြစ်ပြီး ချင်းပြည်နယ်၏ အတွင်းရေးမူးတုာဝန်ကို ယူထားသူလည်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် အနိုင်ရရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကာ လွှတ်တော် ဒု - ဥက္ကဌ တာဝန်ကိုလည်း ယူထားသူဖြစ်သည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...