ရေဇွာမြို့တွင် ချင်းပြည်နယ်၏ ဒုတိယမြောက် ဝဥနှင့် သီးနှံအခြောက်ခံ လုပ်ငန်းဖွင့်လှစ်

ရေဇွာမြို့တွင် ချင်းပြည်နယ်၏ ဒုတိယမြောက် ဝဥနှင့် သီးနှံအခြောက်ခံ လုပ်ငန်းဖွင့်လှစ်

ချင်းပြည်နယ်၏ ဒုတိယမြောက် ဝဥနှင့်သီးနှံအခြောက်ခံလုပ်ငန်းကို မတူပီမြို့နယ်၊ ရေဇွာမြို့တွင် ဒေသခံလူငယ်များစုပေါင်းဖွဲ့စည်းသည့် Amico ကုမ္ပဏီ၏ ဦးဆောင်မှုဖြင့်

လုပ်ငန်းစတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ဦးငွန်ဟရဲက “ဒေသခံတောင်သူတွေ သူ့တို့ရဲ့ကုန်ပစ္စည်းကိုရောင်းချမယ့် ဈေးကွက်လက်လှမ်းမမှီတာတို့၊ ဈေးနှိမ်ခံရတာတို့ အလေးခိုးခံရတာတို့ စတဲ့ ခက်ခဲနစ်နာမှုတွေကနေ ကာကွယ်ပေးဖို့ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” ဟုပြောသည်။

Amico ကုမ္ပဏီ၏ ဝဥနဲ့သီးနှံအခြောက်ခံလုပ်ငန်း၏ရေရှည်မျော်မှန်းချက်များအနေဖြင့် ဒေသတွင်းထုတ်လုပ်မှု စွမ်းအားနှင့်အရည်အသွေးမြှင့်တင်ရန်၊ ဈေးကွက်ချိတ်ဆက်မှုနှင့်ထုတ် ကုန်ရောင်းဝယ်မှုပိုမိုမြှင့် တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးရန်၊ စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ဒေသခံပြည်သူများ၏ ရေရှည်တည်တံ့သော အကျိုးစီးပွားကို အဓိကထားကာ သဘာဝပက်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး နှစ်ဖက်အကျိုးအမြက် ဖြစ်ထွန်းစေလျက် လူမှုဘဝ ဖွံ့ဖြိုးမြှင့်တင်စေမည့် ဒေသ၏ လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်သည့် အသေးစား စီးပွားရေးလုပ်ငန်း ကိုစွန့်ဦးတည်ထွင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း များဖြင့် ဖော်ဆောင်သွားရန် ကုမ္ပဏီမှ ရည်ရွယ်ထားကြောင်း သိရသည်။

ဝဥနှင့်သီးနှံအခြောက်ခံလုပ်ငန်းကို ချင်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးရွှေထီးယို၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အကြီးအကဲများ နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ၂၈ ရက်နေ့က သွားရောက်ကြည့်ရှု့အားပေးခဲ့ကြသည်ဟု သိရသည်။

ပထမဆုံး ဝဥနှင့်သီးနှံအခြောက်ခံလုပ်ငန်းသည် ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် စတင်လည်ပတ်ခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...