ပလက်ဝမြို့နယ် မီးဇာကျေးရွာနေ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်လုနီးဖြစ်

ပလက်ဝမြို့နယ် မီးဇာကျေးရွာနေ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်လုနီးဖြစ်

ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်ထွက်ပြေးလာသော ဒုက္ခသည်အိမ်ခြေငါးဆယ်ကျော် စားနဲ့ရိက္ခပြတ်လပ်လုနီးပါးဖြစ်၍ အလှူရှင်များနှင့် ချိတ်ဆက်ပေးရန် စစ်ဘေးရှောင်များမှ အကူအညီတောင်းခံကြကြောင်း စစ်ဘေးရှောင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဌ ဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဌ ဦးဝေတန်းက "ကျွန်တော်တို့က အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးတာတို့လုပ်ပေးတယ်။ အခုကအလှူရှင်တွေလည်း မပေါ်လာသေးဘူး။ မီးဇာရွာမှာနေတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ စားနပ်ရိက္ခာ ကုန်တော့မယ်။ အဲဒီမီးဇာရွာမှာကလည်း ဒုက္ခသည် အိမ်ခြေငါးဆယ်ကျော်လောက်ရှိတယ်။ ဘာဘဲဖြစ်ဖြစ် အလှူရှင်တွေက ထောက်ပံ့ကူညီပေးစေချင်တယ်။

သူတို့ကမီးဇာရွာမှာ ကိုယ့်ဟာကိုယ်အိမ်တွေ ဆောက်ပြီးနေကြရတော့ အလုပ်ကလည်း လုပ်စကိုင်စဆိုတော့ သူတို့အတွက် စားနပ်ရိက္ခာ အခက်အခဲတော်တော်ဖြစ်တယ်” ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ပွဲများဖြစ်ပွားမှုကြောင့် ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင်သူ များအနက် နေရပ်ပြန်မရောက်နှိုင်သေးသူ ၃၅ ရာခိုင်နှုန်းကျော်ရှိနေသေးကြောင်းလည်း ထွေ/ အုပ်ဌာနမှ ထုတ်ပြန်သည့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူစာရင်းအရ သိရှိရသည်။

၂၀၁၅ ခုနှစ်ကတည်းက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်းသာမက အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်တွင်း စစ်ဘေးရှောင်ပြည်သူများ တိမ်းရှောင်ရဆဲဖြစ်သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...