ကန်ပက်လက်မြို့နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ကိုးခုယခုနှစ်တွင်း တည်ဆောက်မည်

ကန်ပက်လက်မြို့နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ကိုးခုယခုနှစ်တွင်း တည်ဆောက်မည်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ကိုးခုတည်ဆောက်ရန် စီစဉ်လျာထားကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက “ပထမအဆင့်အနေနဲ့ မြို့နယ် ၁၉ မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေး စခန်းများတည်ဆောက်ပေး နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်ပထမသုံးလအတွင်း တင်ဒါခေါ်ယူပြီး လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆက်သွယ်ရေးကွန်ရက် အပြည့်အဝ လွှမ်းခြုံမှု မရရှိသေးသည့် ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်ပါ ဝင်ပြီး ကန်ပလက်မြို့နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ကိုးခုတည်ဆောက်ပေးရန် စီစဉ်လျာထားပါကြောင်း” ဟုဖြေကြားခဲ့သည်။

ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သော ကျင်ဒွေး၊ မှန်တောင် ၊ လဲပုံ ၊ မကြားအိမ်နှုး ၊ လုံအိမ်နူး၊ ငွန်းဇိုင်အုပ်စုများအတွက် ဖုန်းဆက်သွယ်ရေး နှင့် အင်တာနက် ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်မည့် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ ၁၁ ကြိမ်မြောက် ပြည့်သူ့လွှတ်တော်အစည်း အဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက ကန်ပလက်မြို့နယ်အတွင်း ကျင်ဒွေး၊ မှန်တောင် ၊ လဲပုံ ၊ မကြားအိမ်နှုး ၊ လုံအိမ်နူး၊ ငွန်းဇိုင်ကျေးရွာ အုပ်စုများအတွက် လျှပ်စစ်မီးမရရှိနိုင်ခြင်း၊ သွားလာရန်ခက်ခဲခြင်း၊ တောတောင်ထူထပ်ခြင်း၊ အဝေးဆက်သွယ်ရေး စခန်းဆက်ကြောင်းတည်ဆောက်ရန် ခက်ခဲခြင်းတို့ကြောင့် ဆက်သွယ်ရေးအော်ပဒေတာများအနေဖြင့် ကန်ပက်လက်မြို့နယ်အတွင်း အဆိုပါကျေးရွာအုပ်စုများတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် လောလောဆယ်အစီစဉ်မရှိသေးပါကြောင်း၊ သို့ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ များမှ အချိုးကျထည့်ဝင်သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ (Universal Service Fund-USF) ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ၂၀၁၉ ခုနှစ်ပထမသုံးလပတ်အတွင်း တင်ဒါခေါ်ယူပြီး လုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ရာ ဆက်သွယ်ရေးကွန်ယက်အပြည့်အဝ လွှမ်းခြုံမှုမရရှိသေးသည့် ကန်ပက်လက်မြို့နယ်ပါဝင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ချင်းပြည်နယ်မြို့ပေါ်နှင့် မြို့ပေါ်နှင့်နီးသည့် ကျေးရွာများတွင် မိုဘိုင်းဆယ်သွယ်ရေးများ အတော်အသင့် အဆင်ပြေပြီဖြစ်သော်လည်း ဝေးလံသည့် ကျေးရွာများတွင်မူ မိုဘိုင်းဆယ်သွယ်ရေးအခက်အခဲများရှိနေသေးသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...