ကန်ပလက်မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်း (၉) ခု တည်ဆောက်မည်

ကန်ပလက်မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်း (၉) ခု တည်ဆောက်မည်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပလက်မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်း (၉) ခုတည်ဆောက်ပေးရန် စီစဉ်လျာထား ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးကပြောသည်။

ဖေဖော်ဝါရီလ (၂၅) ရက်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကျင်းဒွေး၊ မှန်တောင်၊ လဲပုံ၊ မကြားအိမ်နူး၊ လုံအိမ်နူး၊ ငွန်းဇိုင်အုပ်စုများအတွက် ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်ကွန်ရက် ချိတ်ဆက်အသုံးပြုနိုင်မည့် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဆက်သွယ်ရေးအော်ပရေတာများမှ အချိုးကျထည့်ဝင်မယ့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ပထမအဆင့်အနေနဲ့ မြို့နယ် (၁၉) မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း တင်ဒါခေါ်ယူပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ဆက်သွယ်ရေးကွန်ရက် အပြည့်အဝလွှမ်းခြုံမှုမရှိသေးတဲ့ ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်ပါဝင်ပြီး ကန်ပလက်မြို့နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း (၉) ခု တည်ဆောက်ပေးရန် စီစဉ်လျာထားပါတယ်” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးကပြောသည်။

ကန်ပလက်မြို့နယ်အတွင်း ကျေးရွာများတွင် လျှပ်စစ်မီးမရရှိနိုင်ခြင်း၊ သွားလာရန်ခက်ခဲခြင်း၊ တောတောင်ထူထပ်ခြင်း၊ အဝေးဆက်သွယ်ရေးစခန်း ဆက်ကြောင်းတည်ဆောက်ရန် ခက်ခဲခြင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် အခက်အခဲများလည်းရှိကြောင်းဝန်ကြီးကဆက်ပြောသည်။

ကန်ပလက်မြို့နယ်အတွင်း ကျေးရွာအများစုတွင် မိုဘိုင်းဖုန်းအသုံးမပြုနိုင်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမားရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုဘ၀ နောက်ကျနေရကြောင်း ကန်ပလက်မြို့မှ ဦးမနားရှင်းကပြောသည်။

“ဆက်သွယ်ရေးဆိုတာက တအားကိုလိုတာပေါ့၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေးတို့မှာ အများကြီးလိုအပ်တယ်၊ ကျေးရွာမှာ မိုဘိုင်းဖုန်းသုံးလို့ရတဲ့နေရာက ရှိကိုမရှိတာ၊ မိုဘိုင်းဖုန်းမရှိတဲ့အတွက် ဆက်သွယ်ရေး တအားခက်ခဲတာပေါ့၊ အားလုံးက နောက်ကျကျန်နေတယ်” ဟု ဦးမနားရှင်းကပြောသည်။ ကန်ပလက်မြို့ပေါ်များတွင် တာဝါတိုင်များစိုက်ထူနေသော်လည်း လိုင်းမိရန်ခက်ခဲနေသည့်အတွက် အသုံးပြုရန် အခက်အခဲများစွာရှိနေကြောင်း၊ ခိုနူမ်းသုန်တောင်ထိပ်တွင် မိုဘိုင်းဖုန်းတာဝါများထားရှိမည်ဆိုပါက ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာအတော်များများ အသုံးပြုနိုင်မည်ဟု ၎င်းကဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...