၀န်ကြီးရရှိသည့် မဲဆန္ဒနယ်များတွင် ဘတ်ဂျက်အသုံးပြုမှုပိုများနေကြောင်း ချင်းပြည်နယ်လွှတ်တော်အမတ်များ ဝေဖန်

၀န်ကြီးရရှိသည့် မဲဆန္ဒနယ်များတွင် ဘတ်ဂျက်အသုံးပြုမှုပိုများနေကြောင်း ချင်းပြည်နယ်လွှတ်တော်အမတ်များ ဝေဖန်

ဝန်ကြီးရရှိသည့် မဲဆန္ဒနယ်များတွင် ဝန်ကြီးမရရှိသည့် မဲဆန္ဒနယ်များထက်ဘတ်ဂျက်အသုံးပြုမှုပိုများနေကြောင်း ချင်းပြည်နယ် လွှတ်တော်အမတ်များမှ ဝေဖန်ကြသည်။

မင်းတပ်လွှတ်တော်အမတ် ဦးတိတ်ထန်းမှ “အဓိက ဘတ်ဂျက်ပိုင်းမှာဆိုရင် ဝန်ကြီးရှိတဲ့နေရာတွေမှ ဘတ်ဂျက်အများကြီးကျတာကို တွေ့နေရတယ်၊ ဥပမာ မြို့တစ်မြို့မှာ မဲဆန္ဒနယ်နှစ်ခုရှိတဲ့ထဲက ဝန်ကြီးရှိတဲ့ မဲဆန္ဒနယ်ဘက်ကြတော့ ဘတ်ဂျက်တွေအများကြီးကျပြီးတော့ ကျန်တဲ့ဘက်ကြတော့ ဘက်ဂျက်သိပ်မကျတာတွေ့နေရတယ်၊ အဲဒါကြောင့်မို့လို့ လွှတ်တော်အစည်းအဝေးတွေမှာရော ဒီလိုတော့မဖြစ်သင့်ဘူးဆိုပြီးဆွေးနွေးတယ်၊ မဲဆန္ဒနယ် ၁ နှင့် ၂ ဆိုပြီး သတ်မှတ်ပြီးရင်တော့ ဝန်ကြီးရှိတဲ့နေရာရော မရှိတဲ့နေရာရော ဘတ်ဂျက်ကို အညီအမျှချသင့်ပါတယ်လို့ အကြိမ်ကြိမ်ဆွေးနွေးပေမယ့် ထူးမလာသေးဘူး”ဟုပြောသည်။

ချင်းပြည်နယ် အစိုးရ၏ မြို့နယ်အလိုက် ဘတ်ဂျက်ခွဲဝေမှုအပိုင်းတွင် ဒုသမ္မတ ၂ ၏ ထန်တလန်မြို့နယ်၊ ပြည်နယ်အစိုးရရုံးစိုက်သည့် ဟားခါးမြို့နယ် နှင့် ဝန်ကြီးချုပ် ဦးလျန်လွယ်၏ ဖလမ်းမဲဆန္ဒနယ်များမှ အများဆုံးရရှိနေကြောင်း သိရသည်။

မတူပီမြို့နယ် CLD လွှတ်တော်အမတ် ဆလိုင်းအောင်လျန်းမှ “လက်ရှိမှာတော့ ချင်းပြည်နယ်အားလုံးခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင် ထန်တလန်မြို့နယ်နှင့် ဟားခါးက ဘတ်ဂျတ်အများဆုံးတောင်းထားတယ်၊ ကျနော်သုံးသပ်ရသလောက်တော့ ၂၀၁၈-၂၀၁၉မှာ ဝန်ကြီးရတဲ့ မဲဆန္ဒနယ်တွေက ဘတ်ဂျတ်ရမှုပိုင်းမှာ ရာခိုင်နှုန်းပိုများနေပါတယ်၊ ဒီအစိုးရသက်တမ်း သုံးနှစ်အတွင်းမှာ ဘတ်ဂျတ်ကို မသုံးသင့်ဘဲနဲ့ တစ်ချို့နေရာတွေမှာ သုံးထားတာတွေလည်းရှိတယ်၊ ကျနော်က မဲဆန္ဒနယ်အားလုံး မျှမျှတတလေးဖြစ်စေချင်တယ်၊ ပြီးတော့ လူထုအကျိုးးပြုမယ့် ဘတ်ဂျတ်မျိုးဖြစ်စေချင်ပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ကျန်ရှိသည့် အစိုးရသက်တမ်းအတွက် ဘက်ဂျက်အသုံးပြုရာတွင် မျှမျှတတရရှိရန်နှင့် အကျိုးသက်ရောက်မှု အမှန်တစ်ကယ်ရှိသည့် လုပ်ငန်းများတွင်သာ အသုံးပြုရန် လွှတ်တော်အမတ်များမှ လိုလားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...