၀န်ကြီးရရှိသည့် မဲဆန္ဒနယ်များတွင် ဘတ်ဂျက်အသုံးပြုမှုပိုများနေကြောင်း ချင်းပြည်နယ်လွှတ်တော်အမတ်များ ဝေဖန်

၀န်ကြီးရရှိသည့် မဲဆန္ဒနယ်များတွင် ဘတ်ဂျက်အသုံးပြုမှုပိုများနေကြောင်း ချင်းပြည်နယ်လွှတ်တော်အမတ်များ ဝေဖန်

ဝန်ကြီးရရှိသည့် မဲဆန္ဒနယ်များတွင် ဝန်ကြီးမရရှိသည့် မဲဆန္ဒနယ်များထက်ဘတ်ဂျက်အသုံးပြုမှုပိုများနေကြောင်း ချင်းပြည်နယ် လွှတ်တော်အမတ်များမှ ဝေဖန်ကြသည်။

မင်းတပ်လွှတ်တော်အမတ် ဦးတိတ်ထန်းမှ “အဓိက ဘတ်ဂျက်ပိုင်းမှာဆိုရင် ဝန်ကြီးရှိတဲ့နေရာတွေမှ ဘတ်ဂျက်အများကြီးကျတာကို တွေ့နေရတယ်၊ ဥပမာ မြို့တစ်မြို့မှာ မဲဆန္ဒနယ်နှစ်ခုရှိတဲ့ထဲက ဝန်ကြီးရှိတဲ့ မဲဆန္ဒနယ်ဘက်ကြတော့ ဘတ်ဂျက်တွေအများကြီးကျပြီးတော့ ကျန်တဲ့ဘက်ကြတော့ ဘက်ဂျက်သိပ်မကျတာတွေ့နေရတယ်၊ အဲဒါကြောင့်မို့လို့ လွှတ်တော်အစည်းအဝေးတွေမှာရော ဒီလိုတော့မဖြစ်သင့်ဘူးဆိုပြီးဆွေးနွေးတယ်၊ မဲဆန္ဒနယ် ၁ နှင့် ၂ ဆိုပြီး သတ်မှတ်ပြီးရင်တော့ ဝန်ကြီးရှိတဲ့နေရာရော မရှိတဲ့နေရာရော ဘတ်ဂျက်ကို အညီအမျှချသင့်ပါတယ်လို့ အကြိမ်ကြိမ်ဆွေးနွေးပေမယ့် ထူးမလာသေးဘူး”ဟုပြောသည်။

ချင်းပြည်နယ် အစိုးရ၏ မြို့နယ်အလိုက် ဘတ်ဂျက်ခွဲဝေမှုအပိုင်းတွင် ဒုသမ္မတ ၂ ၏ ထန်တလန်မြို့နယ်၊ ပြည်နယ်အစိုးရရုံးစိုက်သည့် ဟားခါးမြို့နယ် နှင့် ဝန်ကြီးချုပ် ဦးလျန်လွယ်၏ ဖလမ်းမဲဆန္ဒနယ်များမှ အများဆုံးရရှိနေကြောင်း သိရသည်။

မတူပီမြို့နယ် CLD လွှတ်တော်အမတ် ဆလိုင်းအောင်လျန်းမှ “လက်ရှိမှာတော့ ချင်းပြည်နယ်အားလုံးခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင် ထန်တလန်မြို့နယ်နှင့် ဟားခါးက ဘတ်ဂျတ်အများဆုံးတောင်းထားတယ်၊ ကျနော်သုံးသပ်ရသလောက်တော့ ၂၀၁၈-၂၀၁၉မှာ ဝန်ကြီးရတဲ့ မဲဆန္ဒနယ်တွေက ဘတ်ဂျတ်ရမှုပိုင်းမှာ ရာခိုင်နှုန်းပိုများနေပါတယ်၊ ဒီအစိုးရသက်တမ်း သုံးနှစ်အတွင်းမှာ ဘတ်ဂျတ်ကို မသုံးသင့်ဘဲနဲ့ တစ်ချို့နေရာတွေမှာ သုံးထားတာတွေလည်းရှိတယ်၊ ကျနော်က မဲဆန္ဒနယ်အားလုံး မျှမျှတတလေးဖြစ်စေချင်တယ်၊ ပြီးတော့ လူထုအကျိုးးပြုမယ့် ဘတ်ဂျတ်မျိုးဖြစ်စေချင်ပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ကျန်ရှိသည့် အစိုးရသက်တမ်းအတွက် ဘက်ဂျက်အသုံးပြုရာတွင် မျှမျှတတရရှိရန်နှင့် အကျိုးသက်ရောက်မှု အမှန်တစ်ကယ်ရှိသည့် လုပ်ငန်းများတွင်သာ အသုံးပြုရန် လွှတ်တော်အမတ်များမှ လိုလားလျက်ရှိကြောင်း သိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...