ရေးမြို့နယ်နှင်းစုံကျေးရွာတွင် ၈၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကျင်းပ

ရေးမြို့နယ်နှင်းစုံကျေးရွာတွင် ၈၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှင်းစုံကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၈၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်အနား ကျင်းပခဲ့သည်။

နံနက် ၅ နာရီခွဲအချိန်တွင် အလံတင်အခမ်းအနားကျင်းပခဲ့ပြီး ဒုံဖီအသင်းအုပ်ဆရာတော် ဆရာ ဆတ်ကယ်ကလို့နှင့် KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ စောမောင်ရွှေတို့မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် KNU ဗဟိုဌာနချုပ်မှပေးပို့သည့်သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ရေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းမှ ဂုဏ်ပြုစကားပြောကြားခြင်းနှင့် ဒေသခံတစ်ဦးက ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောသန့်ဇင်ဦးနှင့် KNU တပ်မဟာ ၆ ၊ တပ်ရင်း ၁၆ ၊ တပ်ခွဲ ၄ တပ်ခွဲမှူး စောကပေါ်မူး မှ အမှာစကားများအသီးသီးပြောကြားခဲ့ကြပြီး အခမ်းအနားကို နံနက် ၈ နာရီခွဲအချိန်တွင် ကရင်သီချင်းသီဆိုကာ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ KNU ဝင်းရေးမြို့နယ်မှတာဝန်ရှိသူများ၊ ဒေသခံများ စုစုပေါင်းအင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...