ရေးမြို့နယ်နှင်းစုံကျေးရွာတွင် ၈၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကျင်းပ

ရေးမြို့နယ်နှင်းစုံကျေးရွာတွင် ၈၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှင်းစုံကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၈၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်အနား ကျင်းပခဲ့သည်။

နံနက် ၅ နာရီခွဲအချိန်တွင် အလံတင်အခမ်းအနားကျင်းပခဲ့ပြီး ဒုံဖီအသင်းအုပ်ဆရာတော် ဆရာ ဆတ်ကယ်ကလို့နှင့် KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ စောမောင်ရွှေတို့မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် KNU ဗဟိုဌာနချုပ်မှပေးပို့သည့်သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ရေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းမှ ဂုဏ်ပြုစကားပြောကြားခြင်းနှင့် ဒေသခံတစ်ဦးက ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောသန့်ဇင်ဦးနှင့် KNU တပ်မဟာ ၆ ၊ တပ်ရင်း ၁၆ ၊ တပ်ခွဲ ၄ တပ်ခွဲမှူး စောကပေါ်မူး မှ အမှာစကားများအသီးသီးပြောကြားခဲ့ကြပြီး အခမ်းအနားကို နံနက် ၈ နာရီခွဲအချိန်တွင် ကရင်သီချင်းသီဆိုကာ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ KNU ဝင်းရေးမြို့နယ်မှတာဝန်ရှိသူများ၊ ဒေသခံများ စုစုပေါင်းအင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...