တိုင်းရင်းသားများသည် အားငယ်တတ်သောစိတ်အခံရှိသည်ဟု ချင်းရေးရာဝန်ကြီးဆို

တိုင်းရင်းသားများသည် အားငယ်တတ်သောစိတ်အခံရှိသည်ဟု ချင်းရေးရာဝန်ကြီးဆို

တိုင်းရင်းသားများသည် အားငယ်တတ်သည့် စိတ်အခံရှိသည့်အတွက် မကြာခဏ လူထုကြားကွင်းဆင်းပြီး အားပေးစကားပြောကြားရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်ကပြောသည်။

စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က “ကျွန်တော်တို့ တိုင်းရင်းသားတွေကအားငယ်တတ်တဲ့စိတ်ဓာတ်တွေရှိတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့မကြာခဏဆိုသလို အားပေးစကားလေးတွေပြောပြီး လူထု လိုအပ်ချက်ကို နားထောင်ပြီးတော့ တတ်နိုင်သလောက်  သူတို့ရဲ့ဆန္ဒဖြည့်စည်းပေးဖို့ တာဝန်ရှိပါတယ် ။ အခုက ကျွန်တော့်အနေနဲ့ လူထုရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာတွေရှိတယ်” ဟုပြောသည်။

စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအနေဖြင့် အစိုးရအဖွဲ့တွင်ပါဝင်ရခြင်းဖြစ်သဖြင့် လူထုအကြား ကွင်းဆင်းသွားလာရန် မိမိဆန္ဒအတိုင်း မဆောင်ရွက်နိုင်ပဲ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့်သွာ သွားလာ၍ရခြင်းကြောင့် လူထုကြား သွားလာနိုင်မှုတွင် အခက်အခဲဖြစ်ကြောင်း ဦးလာလ်ထောင်းထန်ကပြောသည်။

သူက“ချင်းတိုင်းရင်းသားတွေက ကျွန်တော့်ကိုအားကိုးကြတယ်။ ဒါပေမဲ့တွေ့ဆုံမှုအပိုင်းမှာလည်းအားနည်းတယ်လို့ကိုယ့်ဟာကိုယ် ယူဆမိတယ်။ ကျွန်တော့်ကိုလည်းအားမလိုအားမရတဲ့ လူတွေလည်းရှိတယ်။ သူတို့နဲ့တရင်းတနှီးနေချင်ပေမဲ့ ရုံးက မုံရွာစိုက်တာဖြစ်တယ်။  ဝန်ကြီးချုပ်ခွင့်ပြုမှပဲ ကျွန်တော်သွားလာလို့ရတယ်။ ရုံးစိုက်ရာကနေဆိုရင် ကလေးနဲ့တမူးကို နေ့ချင်းပြန်သွားလို့ရတာမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီလိုကြားတွေထဲကနေပဲ ဒေသခံလူထုနဲ့ တွေ့ဆုံနိုင်ဖို့ အတတ်နိုင်ဆုံး အချိန်တွေလုယူရတယ်” ဟုပြောသည်။

ဒေသဖွံ့ဖြိုးလုပ်ငန်းများအတွက်လည်း ချင်းရေးရာဝန်ကြီးအနေဖြင့် လုပ်ပိုင်ခွင့်မရှိသည့်အတွက် ဒေသခံလူထု၏ လိုအပ်ချက်များကို အစိုးရအဖွဲ့ထံ တင်ပြနိုင်သည့် အဆင့်မျိုးသာဖြစ်နေကြောင်း ဦးလာလ်ထောင်းထန်ကပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...