တိုင်းရင်းသားများသည် အားငယ်တတ်သောစိတ်အခံရှိသည်ဟု ချင်းရေးရာဝန်ကြီးဆို

တိုင်းရင်းသားများသည် အားငယ်တတ်သောစိတ်အခံရှိသည်ဟု ချင်းရေးရာဝန်ကြီးဆို

တိုင်းရင်းသားများသည် အားငယ်တတ်သည့် စိတ်အခံရှိသည့်အတွက် မကြာခဏ လူထုကြားကွင်းဆင်းပြီး အားပေးစကားပြောကြားရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်ကပြောသည်။

စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က “ကျွန်တော်တို့ တိုင်းရင်းသားတွေကအားငယ်တတ်တဲ့စိတ်ဓာတ်တွေရှိတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့မကြာခဏဆိုသလို အားပေးစကားလေးတွေပြောပြီး လူထု လိုအပ်ချက်ကို နားထောင်ပြီးတော့ တတ်နိုင်သလောက်  သူတို့ရဲ့ဆန္ဒဖြည့်စည်းပေးဖို့ တာဝန်ရှိပါတယ် ။ အခုက ကျွန်တော့်အနေနဲ့ လူထုရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာတွေရှိတယ်” ဟုပြောသည်။

စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအနေဖြင့် အစိုးရအဖွဲ့တွင်ပါဝင်ရခြင်းဖြစ်သဖြင့် လူထုအကြား ကွင်းဆင်းသွားလာရန် မိမိဆန္ဒအတိုင်း မဆောင်ရွက်နိုင်ပဲ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့်သွာ သွားလာ၍ရခြင်းကြောင့် လူထုကြား သွားလာနိုင်မှုတွင် အခက်အခဲဖြစ်ကြောင်း ဦးလာလ်ထောင်းထန်ကပြောသည်။

သူက“ချင်းတိုင်းရင်းသားတွေက ကျွန်တော့်ကိုအားကိုးကြတယ်။ ဒါပေမဲ့တွေ့ဆုံမှုအပိုင်းမှာလည်းအားနည်းတယ်လို့ကိုယ့်ဟာကိုယ် ယူဆမိတယ်။ ကျွန်တော့်ကိုလည်းအားမလိုအားမရတဲ့ လူတွေလည်းရှိတယ်။ သူတို့နဲ့တရင်းတနှီးနေချင်ပေမဲ့ ရုံးက မုံရွာစိုက်တာဖြစ်တယ်။  ဝန်ကြီးချုပ်ခွင့်ပြုမှပဲ ကျွန်တော်သွားလာလို့ရတယ်။ ရုံးစိုက်ရာကနေဆိုရင် ကလေးနဲ့တမူးကို နေ့ချင်းပြန်သွားလို့ရတာမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီလိုကြားတွေထဲကနေပဲ ဒေသခံလူထုနဲ့ တွေ့ဆုံနိုင်ဖို့ အတတ်နိုင်ဆုံး အချိန်တွေလုယူရတယ်” ဟုပြောသည်။

ဒေသဖွံ့ဖြိုးလုပ်ငန်းများအတွက်လည်း ချင်းရေးရာဝန်ကြီးအနေဖြင့် လုပ်ပိုင်ခွင့်မရှိသည့်အတွက် ဒေသခံလူထု၏ လိုအပ်ချက်များကို အစိုးရအဖွဲ့ထံ တင်ပြနိုင်သည့် အဆင့်မျိုးသာဖြစ်နေကြောင်း ဦးလာလ်ထောင်းထန်ကပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...