ကြားဖြတ်ရွေးကောက်ပွဲရှိမည့် ကန်ပက်လက်မြို့သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌရောက်ရှိ

ကြားဖြတ်ရွေးကောက်ပွဲရှိမည့် ကန်ပက်လက်မြို့သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌရောက်ရှိ
(ဓါတ်ပုံ- USDP)
(ဓါတ်ပုံ- USDP)

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်လစ်လပ်သည့် ကန်ပက်လက်မြို့၌ ယမန်နေ့(အောက်တိုဘာလ ၃ ရက်နေ့)က ပါတီမှ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

လူထုတွေ့ဆုံပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမနားနိုင်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးမှလည်း အမှာစကားပြောကြားခဲ့သည်ဟုသိရသည်။

ကိုယ်စားလှယ်လောင်း၏ အချက်အလက်နှင့်ပတ်သက်ပြီးလည်း ယခင် ချင်းပြည်နယ် လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဘမောင်ကရှင်းလင်းခဲ့သကဲ့သို့ ကိုယ်စားလှယ်လောင်းကိုယ်တိုင်ကလည်း မိတ်ဆက်စကားပြောကြားခဲ့သည်ဟုသိရသည်။

လူထုတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအဆင့်ရှိ ပါတီဥက္ကဌအပြင် အထွေထွေအတွင်းရေးမှုး၊ ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ မင်းတပ်ခရိုင်ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ ကန်ပက်လက်မြို့နယ် ပါတီတီကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...