ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်လစ်လပ်သည့် ကန်ပက်လက်မြို့၌ ယမန်နေ့(အောက်တိုဘာလ ၃ ရက်နေ့)က ပါတီမှ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
လူထုတွေ့ဆုံပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမနားနိုင်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးမှလည်း အမှာစကားပြောကြားခဲ့သည်ဟုသိရသည်။
ကိုယ်စားလှယ်လောင်း၏ အချက်အလက်နှင့်ပတ်သက်ပြီးလည်း ယခင် ချင်းပြည်နယ် လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဘမောင်ကရှင်းလင်းခဲ့သကဲ့သို့ ကိုယ်စားလှယ်လောင်းကိုယ်တိုင်ကလည်း မိတ်ဆက်စကားပြောကြားခဲ့သည်ဟုသိရသည်။
လူထုတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအဆင့်ရှိ ပါတီဥက္ကဌအပြင် အထွေထွေအတွင်းရေးမှုး၊ ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ မင်းတပ်ခရိုင်ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ ကန်ပက်လက်မြို့နယ် ပါတီတီကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။







