ပလက်ဝမြို့နယ် ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများအား ့ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်

ပလက်ဝမြို့နယ် ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများအား ့ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်
by -
Salai Khup Khup

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများကို ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်သဖြင့် နီးစပ်ရာရွာများသို့  ပြောင်းရွေ့ နေရသည်ဟုဒေသခံများကပြောသည်။

ပလက်ဝလူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်အိုက်ထွန်းလင်းက “ရှင်မဒိန်အုပ်စုကနေ ကင်းသလင်းရွာကို ရွာသူ/ရွာသားအိမ်ခြေကိုးအိမ်ရယ် လူဦးရေက(၅၁)ယောက် ပြောင်းရွေ့လာကြတယ်၊ AAဘက်ကနေ ဒီလကုန်ရင် ဒီရွာ ကနေ အကုန်ပြောင်းခိုင်းထားတယ်လို့ ဒေသခံရွာသားတွေကပြောတယ်၊ အားလုံးဒီရွာကနေ နောက်တစ်ရွာကို ပြောင်းရွေ့ပေး ဆိုတဲ့ပုံဆန်မျိုးနဲ့ပြောတယ်လို့အုပ်ချုပ်ရေးမှူးကကျွန်တော့်ကိုပြောတယ်”ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော် အကြားတပ်ပွဲများကြောင့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင် ဒုက္ခသည် များစွာ ရှိနေသေးကြောင်းလည်း သိရပါတယ်၊ လက်တလော စစ်ဘေးရှောင်ပြည်သူများ အချို ့မှာ ကျန်းမာရေး စောင့်ရှောက်မှုများ နှင့်စားနပ်ရိက္ခာများ လိုအပ်နေသေးကြောင်း လည်းသိရပါသည်။

ရှင်မဒိန်အုပ်စု လန်ဒန်ကျေးရွာတွင် ရက္ခိုင်တပ်မတော်(AA)တပ်ဖွဲ့ များဝင်ရောက်၍ နွားတစ်ကောင်ကိုလည်း ပစ်သတ်ပြီး ရွာသားများကိုလည်းမောင်းထုတ်ခဲ့သဖြင့် လန်ဒန်ကျေးရွာ ရွာသူ/ရွာသားအားလုံးလည်းနီးစပ်ရာ ကင်းသလင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း (၁.၉.၂၀၁၈)ရက်နေ ့တွင်ဒေသခံ ရွာသားတစ်ယောက်၏ ပြောပြချက်ကို ကိုးကားကာ ပလက်ဝသတင်းစာမျက်နှာတွင် လည်းဖော်ပြခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...