ပလက်ဝမြို့နယ် ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများအား ့ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်

ပလက်ဝမြို့နယ် ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများအား ့ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်
by -
Salai Khup Khup

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများကို ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်သဖြင့် နီးစပ်ရာရွာများသို့  ပြောင်းရွေ့ နေရသည်ဟုဒေသခံများကပြောသည်။

ပလက်ဝလူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်အိုက်ထွန်းလင်းက “ရှင်မဒိန်အုပ်စုကနေ ကင်းသလင်းရွာကို ရွာသူ/ရွာသားအိမ်ခြေကိုးအိမ်ရယ် လူဦးရေက(၅၁)ယောက် ပြောင်းရွေ့လာကြတယ်၊ AAဘက်ကနေ ဒီလကုန်ရင် ဒီရွာ ကနေ အကုန်ပြောင်းခိုင်းထားတယ်လို့ ဒေသခံရွာသားတွေကပြောတယ်၊ အားလုံးဒီရွာကနေ နောက်တစ်ရွာကို ပြောင်းရွေ့ပေး ဆိုတဲ့ပုံဆန်မျိုးနဲ့ပြောတယ်လို့အုပ်ချုပ်ရေးမှူးကကျွန်တော့်ကိုပြောတယ်”ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော် အကြားတပ်ပွဲများကြောင့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင် ဒုက္ခသည် များစွာ ရှိနေသေးကြောင်းလည်း သိရပါတယ်၊ လက်တလော စစ်ဘေးရှောင်ပြည်သူများ အချို ့မှာ ကျန်းမာရေး စောင့်ရှောက်မှုများ နှင့်စားနပ်ရိက္ခာများ လိုအပ်နေသေးကြောင်း လည်းသိရပါသည်။

ရှင်မဒိန်အုပ်စု လန်ဒန်ကျေးရွာတွင် ရက္ခိုင်တပ်မတော်(AA)တပ်ဖွဲ့ များဝင်ရောက်၍ နွားတစ်ကောင်ကိုလည်း ပစ်သတ်ပြီး ရွာသားများကိုလည်းမောင်းထုတ်ခဲ့သဖြင့် လန်ဒန်ကျေးရွာ ရွာသူ/ရွာသားအားလုံးလည်းနီးစပ်ရာ ကင်းသလင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း (၁.၉.၂၀၁၈)ရက်နေ ့တွင်ဒေသခံ ရွာသားတစ်ယောက်၏ ပြောပြချက်ကို ကိုးကားကာ ပလက်ဝသတင်းစာမျက်နှာတွင် လည်းဖော်ပြခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...