"ဘဝများနှင့်ရင်းသောကျောက်စိမ်း" သတင်းစာ ရှင်းလင်းပွဲ မြစ်ကြီးနားတွင် ပြုလုပ်

"ဘဝများနှင့်ရင်းသောကျောက်စိမ်း" သတင်းစာ ရှင်းလင်းပွဲ မြစ်ကြီးနားတွင် ပြုလုပ်

(၄) နှစ်ကျော်ကာလ ကချင်ပြည်နယ် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင်များတွင် အကြောင်းမဲ့ သေဆုံးနေသော ပြည်သူများ၏ အခြေအနေများကို တာဝန်ရှိသူများ သိရှိစေရန် ရည်ရွယ်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဇူလိုင်လ (၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။

‘ဘဝများနှင့်ရင်းသောကျောက်စိမ်’ အမည်ရှိသော ဖားကန့်ဒေသ မြေပြိုကျမှု၊ လုံခြုံရေးအဖွဲ့များ၏ သေနတ်ဖြင့် ပစ်သတ်မှု၊ စစ်တပ်ဘက်မှ ပစ်ခတ်မှု၊ ကုမ္မဏီဘက်များမှ စည်းစနစ်မရှိသောကြောင့် ပြည်သူများ အကြောင်းမဲ့ သေဆုံးမှုများရှိနေကြာင်း အစီရင်ခံစာ ကို ရှင်းလင်း ပြသခဲ့ခြင်း ဖြစ်ပါသည်။

ဖားကန့်အခြေစိုက် ကချင်လူမှုအဖွဲ့အစည်း Amyusha Zinlum Hpung နှင့် Humanity Institute (HI) အဖွဲ့တို့ တာဝန်ယူ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသ ကျောင်စိမ်းတူးဖော်သူများ အကြောင်းမဲ့ သေဆုံးနေမှုကို သတင်းအဖြစ်တာ နားထောင်ခြင်းမဟုတ်ဘဲ ရရှိလာသည့် သေဆုံးမှု လျှော့ကျအောင် အစိုးရအနေဖြင့် လုပ်ဆောင်သင်သည်ဟု သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ တစ်ဦး IZ. Aung က ယခုလို ပြောသည်။

“အခု လူသေဆုံးမူ တွေက အရမ်းများနေပြီ။ အခြေအနေကိုကြည့်ရင် အကြောင်းမဲ့ သေဆုံးတာ အရမ်းများတယ်။ ပြီးရင်သတင်းတွေဘဲ ဖြစ်သွားတယ်။ ဒီလိုရရှိလာတဲ့သတင်းအပေါ် အစိုးရတွေ၊ ကုမ္မဏီတွေ၊ ပြည်သူလူထုတွေရော၊ အခုဖြစ်ပျက်နေတဲ့ လူသေဆုံးမှုများကို ပိုပြီးလျှော့ကျအောင် ဘယ်လိုထိန်းသိမ်းမယ်၊ နောက်ပြီး ယခုလက်ရှိ အစိုးရဖြစ်တဲ့ NLD အစိုးရအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲအောင် ပတ်ဝန်းကျင်ကိုဘယ်လိုထိန်းသိမ်းမယ်။ တိုးတက်ဖွံ့ဖြိုးမှုနဲ့ ကျောက်စိမ်းတူးဖော်နိုင်တဲ့ နည်းစနစ် ဥပဒေတွေနဲ့ ဘယ်လိုအုပ်ချုပ်မယ်ဆိုတာကို လုပ်သင့်ပြီ။”

၂၀၁၄ မှ ၂၀၁၈ အထိ ၅နှစ်အတွင်း အကြောင်းမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောက်တူးသမားများ သေဆုံးမူသည် အနည်းဆုံး ၅၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ယခုလို ဖားကန့်မှာ အခြေခံလူတန်းစား ကျောက်တူးသမားများ သေဆုံးမှုအပေါ် ဥပဒေ ဘောင်အတွင်းမှ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင် စားသောက်နိုင်ရန် အခွင့်အရေးများလိုအပ်နေကြောင်း ဖားကန့်ဒေသ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေသော သတင်းစာ ဆရာ ဇော်မိုးထက်က ပြောဆိုခဲ့ပါသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...